ylliX - Online Advertising Network

တရုတ်အုပ်ချုပ်မှု ၂၅ နှစ်မြောက်အတွက် ရှီ မကာအိုသို့ ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေါ်တူဂီကိုလိုနီနယ်မြေဟောင်း ပေကျင်း၏ အုပ်ချုပ်မှုအောက်ရောက်ရှိမှု ၂၅ နှစ်မြောက် အထိမ်းအမှတ်အတွက် ဗုဒ္ဓဟူးနေ့တွင် မကာအိုသို့ ရောက်ရှိခဲ့သည်။ ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း ရှီသည် ကာစီနိုလုပ်ငန်း အပေါ်အမှီပြုသည့် မကာအိုကို အခြားကဏ္ဍများအတွက်လည်း တိုက်တွန်းဖွယ်ရှိသည်။ ရှီသည် ကမ္ဘာ့အကြီးဆုံး လော-င်းကစားအချက်အချာနယ်မြေကို သမ္မတအဖြစ် တတိယအကြိမ်မြောက်သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး အောက်တိုဘာလအတွင်းက ရွေးကောက်ခံခဲ့ရသည့် ဒေသ အမှုဆောင်အရာရှိချုပ်အသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မည်ဖြစ်သည်။ အိမ်နီးချင်း ဘဏ္ဍရေးအချက်အချာဟောင်ကောင်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ပြင်းထန်နေသည့် ၂၀၁၉ ခုနှစ်က ရှီသည် မကာအိုသို့ နောက်ဆုံးသွားရောက်ထားခဲ့သည်။ တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်သော မကာအိုသည် နိုင်ငံတွင် လေ-ာင်းကစားလုပ်ငန်းကို တရားဝင်ခွင့်ပြုပေးသည့် တစ်ခုတည်းသောနေရာဖြစ်ပြီး ၎င်း၏ စီးပွားရေးသည် ဒေသတွင်း အခွန်ဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးထားသည့် ကာစီနိုလုပ်ငန်းအပေါ် […]

ဂျာမန်အဓိပတိသည် ကိယက်ဗ်မြို့သို့ အံ့အားသင့်ဖွယ် အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိ

ဘာလင်၊ ဒီဇင်ဘာ ၂ ဂျာမန်အဓိပတိ Olaf Scholz သည် ၂ နှစ်ခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်သို့ လာရောက်လည်ပတ်ခဲ့ကြောင်း DPA သတင်းဌာနက ဖော်ပြခဲ့သည်။ ဂျာမန်အစိုးရ အကြီးအကဲသည် ယူကရိန်းနိုင်ငံမှ ဗလာဒီမာ ဇယ်လင်စကီးနှင့် တွေ့ဆုံမည်ဖြစ်သည်။ Scholz သည် ရထားဖြင့် ကိယက်ဗ်သို့ ရောက်ရှိလာပြီး လုံခြုံရေး အကြောင်းပြချက်ဖြင့် ၎င်း၏ ခရီးစဉ်ကို အစောပိုင်းတွင် ကြေညာခဲ့ခြင်း မရှိကြောင်း အဆိုပါ သတင်းဌာနက ဆိုသည်။ ဂျာမနီအဓိပတိသည် ဒီဇင်ဘာလတွင် ယူကရိန်းသို့ ယူရိုသန်း ၆၅၀ တန် လက်နက်များ ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သည်။ Ref – TASS Join – https://t.me/MyanmarNationalPost Source link

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဟောင်းများ လူအစုလိုက်အပြုံလိုက်သတ်မှုဖြင့် တရားရုံးရှေ့မှောက်သို့ ရောက်ရှိ လာ

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဟောင်းများ လူအစုလိုက်အပြုံလိုက်သတ်မှုဖြင့် တရားရုံးရှေ့မှောက်သို့ ရောက်ရှိ လာ ဒါကာ၊ ပြည်တွင်းရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာဆီနာလက်ထက်တွင် အစိုးရအဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့ သည့် ဝန်ကြီးဟောင်း များသည် လူအစုလိုက်အပြုံလိုက်သတ်မှု ဖြင့် နိုဝင်ဘာလ ၁၈ ရက်တွင် တရားရုံး ရှေ့မှောက်သို့ရောက်ရှိလာကြောင်း သိရသည်။ အဆိုပါတာဝန်ရှိသူဟောင်း ၁၃ ဦးက ရှိတ်ဟာဆီနာအနေဖြင့် နိုင်ငံမှထွက်ပြေး သွားပြီးနောက် အဖမ်းခံထားရခြင်းဖြစ်ပြီး နိုင်ငံအတွင်းဖြစ်ပွားသော ဆူပူအုံကြွမှု များအတွင်း လူအယောက် ၇၀၀  ကျော်ကို သေဆုံးစေသည့် ရဲတပ်ဖွဲ့၏ဖြိုခွင်းမှုတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရ ခြင်းဖြစ် သည်။ ထို ၁၃ ဦးတွင် ဝန်ကြီးဟောင်း ၁၁ ဦး၊ တရားသူကြီးတစ်ဦးနှင့် ယခင်အစိုးရအဖွဲ့ မှအတွင်းဝန် တစ်ဦးတို့ပါဝင်ပြီး ထိုသူများ သည် ကျောင်းသားများ၏ဆန္ဒပြမှုများကို […]

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr. Iskander Azizov နှင့် တာဝန်ရှိသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Lotte ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။      Join – https://t.me/MyanmarNationalPost Source link

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းကျန့်မြို့သို့ ရောက်ရှိ၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းကျန့်မြို့သို့ ရောက်ရှိ၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာ နေပြည်တော် ၊ နိုဝင်ဘာ – ၁၀ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion(GMS) အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၉ နံနက်ပိုင်းတွင် ချုံချင့်မြို့၊  ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရှန်းကျန့်မြို့သို့ထွက်ခွာရာ ချုံချင့်မြို့၊ ဒုတိယမြို့တော်ဝန် Mr. Shang Kui နှင့် အဖွဲ့ဝင်များ၊ ချုံချင့်မြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် […]