ylliX - Online Advertising Network

ရခိုင်နဲ့ ကချင်ဘက်မှာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေသလို ချင်းပြည်နယ်မှာလဲ မင်းတပ်၊ ဖလမ်း မြို့သိမ်းတိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အမ်း၊ မောင်တော၊ တောင်ကုတ်မြို့တွေကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော် AA က အပြင်းအထန်ထိုးစစ်ဆင်နေသလို ကချင်အထူးဒေသ ၁က နောက်ဆုံးကျန်နေတဲ့ ကန်ပိုင်တီမြို့ကို KIA က မနေ့က နိုဝင်ဘာ ၂၀ရက် မှာ ထိန်းချုပ်လိုက်စဉ်မှာပဲ ချင်းပြည်နယ် မှာလည်း မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာပါ။ချင်းညီနောင်စစ်ဆင်ရေး Operation CB ကို ချင်းပြည်နယ် မင်းတပ်မြို့နယ် ဖလမ်းမြို့တွေမှာ နိုဝင်ဘာ ၉ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ၁၀ရက်ကျော်လာချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ မင်းတပ်မြို့ရဲ့ ၆၀ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်စိုးမြိုးထားပြီး အသာစီးရနေပြီလို့ ဒေသတွင်း သတင်းအရင်းမြစ်တွေက ဖော်ပြပါတယ်။မင်းတပ်မြို့ဟာ ယောဒေသတဆင့် မကွေးတိုင်းနဲ့ ထိစပ်နေတာကြောင့် တော်လှန်ရေးတပ်တွေ မကွေးတိုင်းထဲ မဆင်းလာနိုင်ရေး စစ်ကောင်စီက လက်နက်ကြီးပစ်တာ လေကြောင်းတိုက်ခိုက်မှုတွေအပြင် နေအိမ်တွေကို မီးရှို့တာတွေလုပ်ဆောင်ပြီး […]

တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ

⁨⁨⁨⁨⁨ (မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၄⁨⁨⁨⁨⁨⁨ တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အချို့သော နိုင်ငံရေး စစ်ရေး အကဲခတ် သုံးသပ်သူတွေက ပွင့်လင်းရာသီလို့ ဆိုတဲ့ အခုလို နိုဝင်ဘာလကနေ မိုးရာသီစတင်ဝင်ရောက်တဲ့ မေလ အကုန်ကာလအတွင်း ပိုမိုအရှိန်မြင့်လာနိုင်တယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းပြောဆို လေ့ရှိတာတွေ့ရပါတယ်။ မိုးရာသီကုန်တဲ့အခါ တောတောင်တွေထဲက မြေသားလမ်းတွေ ခြောက်သွေ့သွားချိန် ကားလမ်း၊ ယာယီလမ်းတွေအသုံးပြုနိုင်ပြီဖြစ်လို့ လက်နက်၊ ရိက္ခာတွေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သယ်ယူနိုင်တဲ့အချက်ကြောင့် ထိုးစစ်ဆင်တာတွေ၊ ထိုးစစ်ကိုခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ပိုမိုများပြားလာမယ့် သဘောမျိုး ဆိုလိုကြတာ ဖြစ်ပါတယ်။ အရင့်အရင် ဆယ်စုနှစ် ၂ ခု […]