ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို အာရက္ခတပ်တော် AA က အပြီးသိမ်းလိုက်ပြီဖြစ်တာကြောင့် ဒီဒေသမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား ဘာသာမတူ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကိုကာကွယ်ပေးဖို့ နိုင်ငံတကာမှာ ရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့က ကြေညာချက်ထုတ်တောင်းဆိုလိုက်ပါတယ်။ Source link
ရခိုင်မှာ အာရက္ခတပ်တော်ကို လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေမှာ တိုက်ရေးခိုက်ရေး နဲ့ အောင်စိတ်ဆိုတာမျိုး ပျောက်ဆုံးနေတာ တွေ့ရတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ သောကြာနေ့က လုံးဝထိန်းချုပ်လိုက်တဲ့အပြင်၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ်တို့ကိုပါ လက်ရဖမ်းဆီးခဲ့ပါတယ်။ ဒီအခြေအနေတွေဟာ စစ်ကောင်စီ တပ်မှူး၊ တပ်သားတွေကို ဘယ်လို ရိုက်ခတ်နိုင်မလဲ၊ အာရက္ခတပ်တော်ဘက်က စစ်ရေးမှာ ဘာကြောင့် အားသာနေသလဲ။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CDM တပ်မတော်သားတွေ ဖွဲ့စည်းထားတဲ့ ပြည့်သူ့ပန်းတိုင်အဖွဲ့ တာ၀န်ခံ CDM ဗိုလ်မှူးနောင်ရိုး ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ ဗိုလ်မှူးနောင်ရိုး ။ ။ စစ်တပ်ရဲ့ သမိုင်းတလျှောက်၊ တိုင်းစစ်ဌာနချုပ်အဆင့် နှစ်ခုလောက်ကို […]
ရခိုင်မှာ စစ်ဗိုလ်ချုပ်တွေ သေဆုံး၊ အဖမ်းခံရ ပြီးနောက် စစ်ကောင်စီက ရာထူးအကြီးပိုင်းတွေ အပြောင်းအလဲလုပ်လာပါတယ်။ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကိုရာထူးက ဖယ်ရှားလိုက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ခန့်အပ်ကြောင်း စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ယခင်နှစ် ဩဂုတ်လကမှ ကာကွယ်ရေးဝန်ကြီးခန့်အပ်ခဲ့ကာ ၁နှစ်ကျော်အကြာမှာ ရာထူးက ဖယ်ရှားခဲ့တာဖြစ်ပါတယ်။အခုနှစ်အတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချူပ်အပါအဝင် နယ်မြေအများဆုံးရှုံးထားရပြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ ကာကွယ်ရေးဝန်ကြီးအပြင် စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်ရာထူးလည်းရထားသူဖြစ်ရာ ဒုတီယဝန်ကြီးချုပ်အဖြစ်ဆက်ရှိမယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။လက်ရှိမှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အားလုံးကျဆုံးသွားပြီဖြစ်ပြီး ဌာနချုပ်သိမ်းတိုက်ပွဲတွေမှာ စခန်းစွန့်ခွာထွက်ပြေးတဲ့ နခခ ၅က စကခ ၁၅မှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA က အရှင်ဖမ်းမိပြီး နပခ က ထွက်ပြေးတဲ့ ယာယီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်သန်းကို အသေဖမ်းဆီး ရမိခဲ့သလို စကခ ၅က […]
အမျိုးသားညီညွတ်ရေး အစိုးရ • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တောင်ပိုင်းစစ်ဒေသနယ်မြေတွင် တပတ် အတွင်း စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်မှု အကြိမ် ၄၀ကျော်ပြုလုပ်ခဲ့ဟု အဆိုပါဒေသက အသိပေးသည်။ • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာက၊ တောင်ပိုင်းစစ်ဒေသ၊… Source link
(ယခု ဖုန်းလိုင်းပြတ်တောက်မှု လကြာရှည်ပြတ်တောက်နိုင်) ရခိုင်တွင် တပြည်နယ်လုံး အတိုင်းအတာအနေဖြင့် မြို့အားလုံးနီးပါးတွင် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှု သီတင်း ၂ ပတ်ကျော်ခန့်အကြာရှိလာနေပြီဖြစ်ရာ ကာလကြာရှည်စွာ ဖုန်းလိုင်းပြတ်တောင်မည်ကို ပြည်သူများစိုးရိမ်လျှက်ရှိနေကြကြောင်း သိရသည်။ မိုဘိုင်းဖုန်းလိုင်းမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းအချိန်မှစ၍ ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်တွေမြို့နှင့် ဂွမြို့နယ်ဘက်၊ စစ်တွေကမ်းနှင့်နီးသည့် ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကျေးရွာအချို့မှလွဲလျှင် တပြည်နယ်လုံးနီးပါး ပြတ်တောက်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ ဖုန်းလိုင်းပြတ်တောက်နေမှုမှာ သီတင်း ၂ ပတ်ကျော်အကြာခန့်ရှိလာသည်နှင့်အမျှ ဒေသနေပြည်သူများမှာ အခက်ခဲများစွာဖြင့်ကြုံလျှက် ရှိနေကြရသည်။ မြေပုံမြို့နယ်မှ ဒေသခံတစ်ဦးက ဖုန်းလိုင်းပြတ်တောက်နေမှုကြောင့် ဖြစ်ပေါ်နေသည့် အခက်ခဲများနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။ “ဖုန်းလိုင်းမရတော့ အစစအရာရာ အခက်ခဲပေါ့။ ဘယ်သွားသွား ဘာလုပ်လုပ် အဆက်သွယ်ပြတ်နေတော့ ဘာတစ်ခုမှ အဆင်မပြေဘူး။ ခုတစ်ခေါက်ပြတ်တာက တော်တော်ကြာနေတော့ လူတွေက […]