ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးမှန်သမျှ အကုန်ပစ်သတ်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “အရေးပေါ်သတင်းထူးကြီး လူမျိုးရေကြေငြာပြီ (၁၃)ရက်နေ့ ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးမှန်သမျှ အကုန်ပစ်သတ်မည်ဟု မအလ အမိန့်ထုတ်ပြန်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit thit channel”ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]