ရခိုင်ရိုးမတောင်တန်းပေါ်က တောင်ပုံကြီး စစ်စခန်းနှင့် ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။ တောင်ပုံကြီးစစ်စခန်းသည် ရခိုင်ရိုးမ တောင်ကုတ်-ပန်းတောင်းပေါ်တွင်ရှိပြီး ဗေဒါစစ်ဆေးရေးဂိတ်သည် ဂွ-ငသိုင်းချောင်း ရိုးမပေါ်တွင်ရှိသော စစ်ကောင်စီ စစ်စခန်းများဖြစ်ကြသည်။ ရခိုင်ရိုးမတောင်တန်းပေါ်က စစ်ကောင်စီ စစ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ကြာပြီဖြစ်ပြီး အမ်း၊ တောင်ကုတ်၊ ဂွမြို့တို့ကို သိမ်းပြီးနောက် ထိုးစစ်အရှိန်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။ “တောင်ကုတ်ရိုးပေါ်က တောင်ပုံကြီးစခန်းနဲ့ ဂွရိုးပေါ်က ဗေဒါစစ်ဆေးရေးဂိတ်ကို AA က သိမ်းလိုက်ပါပြီ။ တောင်ပုံကြီးက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးထိကို ရောက်သွားတယ်။ မိုးထိက ပန်းတောင်းမြို့အပိုင်ဖြစ်ပါတယ်။ မိုးထိမှာ စစ်ကောင်စီ စခန်းရှိတယ်” ဟု ပြောသည်။ ရခိုင်ရိုးမတောင်တန်း အမ်းမြို့အပိုင်၊ တောင်ကုတ်မြို့အပိုင်နှင့် ဂွမြို့အပိုင်တို့တွင် […]
စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်အားလုံးကို ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ် လိုက်ပြီ ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ပြောဆိုလိုက်သည်။ ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်ရှင်းလင်းပြီး ဖြစ်ပြီး ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လိုက်လံ ရှင်းလင်းနေကြောင်း ပြောခွင့်ရ ဦးခိုင်သုခ က ပြောသည်။ “ဂွမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေအားလုံးကို ကျနော်တို့ အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်”ဟုပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး ဧရာဝတီတိုင်း၊ ကမ်းသာယာ ကမ်းခြေအနီး ရေပြင်ထက်မှ ရေကြောင်းပစ်ကူမှုများ ဆက်လက် ရှိနေကြာင်း ဦးခိုင်သုခက ဆက်လက်ပြောသည်။ ဓါတ်ပုံ AA […]
တိုက်ပွဲများကြောင့် ရခိုင်ဖက်က ထွက်ပြေးလာကြသည့် စစ်ရှောင်များကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက နေထိုင်ခွင့် မပြု၍ စစ်ဘေရှောင်များမှာ ဒုက္ခရောက်နေကြကြောင်း စုံစမ်း သိရှိ ရသည်။ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ရခိုင်ပြည်၊ ဂွမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ရခိုင်ပြည်သူများမှာ ဂွမြို့နယ်နှင့်အစပ် ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးနေကြရာတွင် ဒေသအုပ်ချုပ်ရေးမှူးက လက်မခံရဲကြဘဲ ဖြစ်နေကြသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်း၊ ဂွမြို့မှ စစ်ဘေးရှောင် ပြည်သူများသည် ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ၊ သီတာကုန်းပြင်နှင့် လက်ပန်ပင်ကျေးရွာများသို့ ရောက်ရှိလာကြပြီး စစ်ဘေးရှောင်ပြည်သူများတွင် AA တပ်ဖွဲ့ဝင်များ ရောနှောပါလာလာနိုင်သည်ဟုဆိုကာ လက်မခံကြဟု သိရသည်။ စစ်ဘေးရှောင် ရခိုင်ပြည်သူတစ်ဦးက “ဒီမနက်ပိုင်းမှာ ဂွမြို့က စစ်ဘေးရှောင် ပြည်သူ တော်တော်များများ သီတာကုန်းပြင်နဲ့ လက်ပန်ပင်ကျေးရွာဘက်တွေရောက်တယ်။ ရွာထဲက […]
ရခိုင်ပြည် အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့က အမ်း နောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် SAF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ၏ ဗိုလ်မှူး ဇော်ထက်နောင် ဦးဆောင်သော စစ်ကြောင်းသည် တစ်မိုင်ကုန်းမှ ဆုတ်ခွာလာပြီး အမ်း-ပဒါန်းလမ်းတစ်နေရာ အရောက်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းက စောင့်ကြိုပိတ်ဆို့ တိုက်ခိုက်ခဲ့သည်ဟု SAF က ပြောသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သုံ့ပန်း ၁၄ ဦး၊ လက်နက် ၂ […]
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု တအားပြင်းတယ်။ စစ်ကောင်စီဟာ ဗုံးအလုံးကို ရာနဲ့ချီပြီးချတယ်။ ” […]
ရခိုင်ပြည် ဂွမြို့နှင့် ၁၅ မိုင်အကွာ တိုင်ကျိုးကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နံနက်ပိုင်းကစ၍ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တိုင်ကျိုးကျေးရွာမှာ ကုလားပြင် (ရတနာမြိုင်) နှင့် ကမ်းသာယာကမ်းခြေကြားတွင်ရှိပြီး တိုက်ပွဲများကြောင့် ရွာသားများမှာ အလုအယက် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ” တိုင်ကျိုးဆိုတဲ့ ရွာအနီးမှာ အခု လောလောဆယ် တိုက်ပွဲဖြစ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းက စပြီးဖြစ်နေကြတာပါ။ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ဘယ်လိုတွေတောင် ဖြစ်နေပြီလဲ အသေးစိတ်မသိရပါဘူး။ အဲဒီနဲ့ ၇ မိုင်အကွာလောက်နေ လှမ်းပြီး သတင်းတွေ ကြားနေရပါတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ မိသားစုတွေကို အတင်းရွာက ထွက်ဖို့ လှမ်းခေါ်နေရပါတယ်။ အသံတွေက အရမ်းကျယ်တာ။ […]
အင်တာနက်လွတ်လပ်ခွင့်မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ပိုသာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးစာရင်းတွင် ရှေ့တန်းရောက်ရှိလာပြီး Freedom House က သတ်မှတ်ထားသော အမှတ် ၁၀၀ ပေးသည့် စစ်တမ်းစည်းမျဉ်းများအရ တရုတ်က အဆင့် ၉ နှင့် မြန်မာက အဆင့် ၈ ဖြစ်သည်။ မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အဆိုးဆုံးသို့ ယိုယွင်းလာခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ အနိမ့်ဆုံးအဆင့်တွင် ရပ်တည်နေကြသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း အင်တာနက် ဖြတ်တောက်မှုကို တစ်ဖြေးဖြေးတင်းကျပ်ကာ […]