ရွှေတောင်မြို့နယ်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ | Ministry Of Information Skip to main content Breadcrumb Home / ရွှေတောင်မြို့နယ်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ Source link
ရွှေတောင် ၊ နိုဝင်ဘာ-၁၄ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အ. လ.က)အ မြောက်တပ်ကျောင်းနှင့် အမက ကံသုံးဆင့် (မ)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက အ ခြေခံပညာဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့ယ်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင် နှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။ ရှေးဦးစွာ(အ. လ.က) အမြောက်တပ်ကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ် မော်မော်နှင့် အ.မ.က ကံသုံးဆင့် (မ)ကျောင်းအုပ်ဆရာကြီး ဦးသက်ပိုင်စိုးတို့ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မား စေရန်၊ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ နှင့် နောက်ခံသမိုင်းကြောင်း၊လူကုန်ကူးမှုတားဆီးရေးအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်ဆင့်က […]
ရွှေတောင်မြို့နယ်၌ မိုးစပါး(ဗီယက်နမ်) စပါးမျိုးစံကွက် ရိတ်သိမ်းပွဲကျင်းပ ရွှေတောင် နိုဝင်ဘာ ၂ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် မင်းကွန်းကျေးရွာ အုပ်စုကွင်းအမှတ် (၄၁၉ B) တောင်သူ ဦးဇော်ဝင်း၏ လယ်မြေ ခြောက်ဧက၌ စိုက်ပျိုးထားသောမိုးစပါး (ဗီယက်နမ်) စပါးမျိုး စံကွက်ရိတ်သိမ်းပွဲကို နိုဝင်ဘာလ ၁ ရက်က ကျင်းပသည်။အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး တောင်သူ ဦးဇော်ဝင်း၏ မိုးစပါး ( ဗီယက်နမ် )စပါးမျိုး တစ်ဧကစံကွက် (ကြီး) ရိတ်သိမ်းခဲ့ရာ စပါးအစို ၁၄၆ ဒသမ ၀၅ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။ရွှေတောင်မြို့နယ်အနေဖြင့် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး စိုက်ဧက […]