ylliX - Online Advertising Network

DEMU ရထားဖြင့် ပြေးဆွဲသည့် ရန်ကုန်-ပဲခူး ကြားရှိ ဘူတာ(၁၂)ခုတွင် လက်တန်းပါ သံလှေကားများ စီစဉ်ထားရှိ

Credit to Popular Journal – မြန်မာ့မီးရထားအနေဖြင့် ခေတ်မီလေအေးပေးစက်ပါ (DEMU) ရထားတွဲဆိုင်းများ အသုံးပြုပြေးဆွဲပေးနေသည့် ရန်ကုန် – ပဲခူး ခရီးစဉ်ကို လိုက်ပါစီးနင်းသည့် ခရီးသည်များ အတက်အဆင်း အန္တရာယ်မရှိစေဘဲ အဆင်ပြေစေရန် ဘူတာများ၌ လက်တန်းပါ သံလှေကားများ စီစဉ်ထားရှိကြောင်း သိရသည်။ မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေး ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု မရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေကာ ဈေးနှုန်းသက်သာစွာ စီးနင်းနိုင်မှုကြောင့် ရထားစီး ခရီးသည် စီးနင်းမှုများပြားလျက်ရှိကြောင်း သိရသည်။ အဆိုပါ DEMU ရထားတွဲဆိုင်းများ ပြေးဆွဲသည့် လမ်းခရီးတလျှောက်ရှိ ဘူတာ(၁၂)ခု၌ လက်တန်းပါ သံလှေကားများ ပြုလုပ်တပ်ဆင်ပေးထားပြီး ရထား ဆိုက်ရောက်/ထွက်ခွာချိန်များ၌ […]