ylliX - Online Advertising Network

စားအုန်းဆီဈေးတွေ မြင့်တက်လာ

အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအဓိကသုံးစွဲတဲ့ ရန်ကုန်မြို့က စားအုန်းဆီဈေးကွက်အတွင်း ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာနေတယ်လို့ ‌ရောင်းချသူတွေနဲ့ စားသုံးသူတွေဆီက သိရပါတယ်။   မူရင်းဈေးဖြစ်တဲ့ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းရဲ့ ရည်ညွှန်းဈေးတွေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက တောက်လျှောက်မြင့်တက်လာတာကြောင့် သမစနစ်လို စာအုပ်နဲ့ထုတ်ယူရတဲ့ဈေးနဲ့ ပြင်ပမှောင်ခိုဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။   “ဈေးက ရှေ့တစ်ပတ်သွားထုတ်တုန်းကတော့ ၈၀၀၀၊ အခုအခေါက်က ၈၅၀၀၊ ၉၀၀၀ လောက်ဖြစ်နေပြီ။ အပြင်ဈေးကတော့ ကျွန်မတို့ဘက်မှာ တစ်ဆယ်သား ၁၄၀၀၊ ၁၅၀၀ လောက်ရှိတယ်။ တစ်နေ့နဲ့ တစ်နေ့တောင်ဈေးက မတူဘူး” လို့ လှိုင်မြို့နယ် ၁၅ ရပ်ကွက်က စာအုပ်နဲ့ဆီဝယ်ယူစားသုံးနေရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။   စစ်ကောင်စီထုတ်ပေးတဲ့ စာအုပ်နဲ့ ၁၀ ရက်တစ်ခါထုတ်ရပေမဲ့ တစ်ခါတစ်ရံ ၁၅ ရက်တစ်ခါထုတ်ရတာမျိုးလည်းရှိတယ်လို့ […]

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းများနှင့် “အလိုမရှိ” သီချင်းဖွင့်ပြီး အာဏာရှင် ဆန့်ကျင်ရေး ပြုလုပ် – BUR.MIZZIMA.COM

တီဗွီ, ရုပ်သံသတင်းတို ရန်ကုန်မြို့၌ ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ကျရောက်သည့် (၁၀၄) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို တော်လှန်လူငယ်များက ပြုလုပ်ခဲ့ကြသည်။ လှုပ်ရှားမှုကို ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံရင်ပြင်တွင် ယနေ့ ညနေပိုင်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လှုပ်ရှားမှုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးတေးသီချင်းတပုဒ်ဖြစ်သည့် “အလိုမရှိ” သီချင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းများကိုလည်း ဘလူးတုဘောက်စ်(Bluetooth Speaker)ဖြင့် ဖွင့်လှစ်ခဲ့ကြသည်။ “သီချင်း နဲ့ မိန့်ခွန်းကို ၃၅ မိနစ် ဖွင့်ထားနိုင်ခဲ့ပါတယ်။ ပြီးမှ အရပ်ဝတ်တွေ လာဖြုတ်သွားပါတယ်” ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ လူငယ်တဦးက ပြောသည်။ ပြည်သူအပေါင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး […]