ယနေ့ ဇန်နဝါရီလ (၇) ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ယနေ့နံနက် (၄) နာရီ (၅၀) မိနစ်ဝန်းကျင်က သီရိမင်္ဂလာပတ်လမ်းရှိ လူနေအဆောင်မှ မီးစတင်လောင်ကျွမ်းသည်ဟု ကနဦး သိရပြီး အဆိုပါ မီးလောင်ကျွမ်းမှုကို Level 1 အဆ င့် ယာဉ်အုပ်စု ထွက်ခွာကာ အချိန် (၂) နာရီ နီးပါး ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ ” မွန်မလေး ဆိုင်အနောက်က အဆောင်က စလောင်တယ်လို့ ပြောကြတာပဲ။ မီးတော်တော်များတယ် ၊ ဘေးက အိမ်တ ချို့လည်း မီးကူးလောင်ကျွမ်းတယ်။ မွန်မလေးဆိုင် ဂိုထော င်လည်း […]
ကမ္မမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ၊ ဘုတလင်တွင်လည်း စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မကွေးတိုင်း၊ ကမ္မမြို့ပေါ်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ဂျစ်ပင်နှင့် ရေလာလေးရွာ၌ တပ်စွဲထးသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကမ္မမြို့ပေါ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရသည်။ အကြမ်းဖက် […]
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၃၀-၁၁-၂၀၂၄) ရက်နေ့ (၂၁:၄၀) နာရီ အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အနောက်ပုလဲ ဂေဟာလမ်းတွင် မီးလောင်မှုကြောင့် လုံး၀ပျက်စီးအိမ်ခြေ (၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-)၊ အိမ်ထောင်စု (၁၅) စု၊ သေဆုံးလူဦးရေ (၁) ဦးအတွက်ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)၊ ၊ ဘေးသင့်လူဦးရေ (၄၂) ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၈,၂၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၁,၁၈၂,၀၉၈/-) တို့အား (၁၁-၁၂-၂၀၂၄)ရက်နေ့ (၁၀:၃၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_Dec_2024 Source: […]
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၀-၂၀၂၄)ရက်နေ့ (၀၅:၁၅)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ အမှတ် (၈၃၄)၊ ဓနသိဒ္ဓိလမ်းတွင် မီးလောင်မှုကြောင့် နေအိမ် (၁)လုံး (လုံး၀)ပျက်စီးခဲ့ပြီး၊ ဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ ကျား (၄)ဦး၊ မ (၄)ဦး၊ စုစုပေါင်းလူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၁၆,၈၀ဝိ/)၊ အိမ်ခြေ (၁)လုံး(လုံး၀)ပျက်စီးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်းတန်းဖိုး (၁၀၇,၆၇၈/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၂၄၄၇၈/-) တို့အား (၈-၁၁-၂၀၂၄) ရက်နေ့၊ (၁၄:၅၄) နာရီအချိန်တွင် ပြည်သူများ ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_nov_2024 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး Source link