ယနေ့ ဇန်နဝါရီလ (၇) ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ယနေ့နံနက် (၄) နာရီ (၅၀) မိနစ်ဝန်းကျင်က သီရိမင်္ဂလာပတ်လမ်းရှိ လူနေအဆောင်မှ မီးစတင်လောင်ကျွမ်းသည်ဟု ကနဦး သိရပြီး အဆိုပါ မီးလောင်ကျွမ်းမှုကို Level 1 အဆ င့် ယာဉ်အုပ်စု ထွက်ခွာကာ အချိန် (၂) နာရီ နီးပါး ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ ” မွန်မလေး ဆိုင်အနောက်က အဆောင်က စလောင်တယ်လို့ ပြောကြတာပဲ။ မီးတော်တော်များတယ် ၊ ဘေးက အိမ်တ ချို့လည်း မီးကူးလောင်ကျွမ်းတယ်။ မွန်မလေးဆိုင် ဂိုထော င်လည်း […]
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခွဲခန့်က ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦးကားတို-က်ခံရပြီးေ-သဆုံးသွားခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ သိရသည်။ ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းရှိ ၁၄ လမ်းဆုံတွင် ကားတစ်စီးပေါ်မှပိုက်ဆံကျဲချသည်ကို မိခခင်ဖြစ်သူအပါအဝင် သားအမိ(၄)ဦးကပြေးကောက်စဥ် နောက်မှမောင်းနှင်လာသောကားတစ်စီးမှ အသက်(၄၀)နှစ်ရှိ မိခင်ဖြစ်သူအားဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ” ကလေ-း(၃)ယောက်ကတော့လွတ်သွားတယ်။ ကြောက်လန့်ပြီးထွက်ပြေးသွားလို့ မနည်းပြန်ရှာခဲ့ရတယ်။ သူတို့ရဲ့အမေကတော့ ကားတို-က်ခံခဲ့ရပါတယ်။ ကားပေါ်ကနေပိုက်ဆံကျဲသွားတာကိုပြေးကောက်ကြရင်း အခုလိုဖြစ်သွားတာ။ သူတို့တွေက အခင်းဖြစ်တဲ့နေရာနားမှာနေကြတဲ့သူတွေပါ။ ဝင်တို-က်မိတဲ့ကားက တို-က်ပြီးမောင်းပြေးသွားတဲ့အနေအထားမှာရှိတယ်။ အခင်းဖြစ်နေရာမှာမတွေ့ဘူး”ဟု ကနောင်လူမှုကူညီရေးအသင်းမှ ကိုသူရိန်ကပြောသည်။ ဖြစ်စဥ်မှ မိခင်ဖြစ်သူမှာ ဦးခေါင်း၌ထိခိုက်ဒဏ် ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ကနောင်လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး ၁၅ မိနစ်ခန့်အကြာတွင် ေ-သဆုံးသွားခဲ့ကြောင်း […]