ဟောလီးဝုဒ်ရဲ့ နာမည်ကျော် TCL တရုတ်ရုပ်ရှင်ရုံကြီးကို ပါရာမောင့် ရုပ်ရှင်ကုမ္ပဏီရဲ့ ‘Gladiator II’ ရုပ်ရှင်ကားသစ် ရုံတင်ဖို့ ရုပ်ရှင်ထဲက ဇာတ်လမ်းနဲ့ လိုက်အောင် ရောမခေတ်ပုံစံ ပြောင်းလဲပြင်ဆင်ထားပါတယ်။ ရုပ်ရှင်ရုံကို ရောမမြို့က အမိုးပွင့် ပွဲကြည့်စင်ခန်းမ ရောမ Colosseum ရဲ့ မျက်နှာစာပုံ၊ အသေးစိတ် ပြင်ဆင်ထားပြီး ရုပ်ထုတွေ၊ အလံတွေပါ အပြည့်အစုံ တပ်ဆင်ထားတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က အကောင်းဆုံးရုပ်ရှင်ဆု ရရှိခဲ့တဲ့ မူရင်းရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲအနေနဲ့ ပါရာမောင့်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ‘Gladiator II’ ရုပ်ရှင်ကားက ပထမဆုံးရုံတင်တဲ့ နိုဝင်ဘာ ၂၁ ရက် နေ့မှာတင် ဝင်ငွေ ဒေါ်လာ ၆ သန်းခွဲ ရခဲ့တာပါ။ နိုဝင်ဘာ ၂၅ ရက်နေ့ထိဆို […]