ylliX - Online Advertising Network

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရှမ်းပြည်နယ်ရှိ တောင်ကြီးပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

တောင်ကြီး၊ ဒီဇင်ဘာ ၈ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အတူ ၆-၁၂-၂၀၂၄ ရက်နေ့က တောင်ကြီးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။ ထိုသို့ကြည့်ရှုစဉ် မိမိတို့ကိုယ်တိုင်ကျန်းမာကြံ့ခိုင်ရုံသာမက ဆရာ ဆရာမများဖြစ်လာကြသောအခါ တပည့်ကျောင်းသား ကျောင်းသူများကို အားကစားနှင့်ကာယပညာများ ပြန်လည်သင်ကြားပေးနိုင်ရန်အတွက် ယခုအချိန်ကတည်းက ကြိုးစားလေ့ကျင့်သင်ယူထားကြရန်မှာကြားပြီး ပညာရေးဝန်ကြီးဌာနက ဝယ်ယူဖြည့်တင်းပေးထားသော အားကစားပစ္စည်းများကို ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်ကြကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရေဘေးကြုံတွေ့ခဲ့ရသည့် ကျောင်းများဖြစ်ကြသည့် ရွှေညောင်မြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ကလောမြို့နယ် မကွေကျေးရွာ အခြေခံပညာမူလတန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ ပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေကို […]