အပူချိန်ကျဆင်းလာချိန်တွင် ဓါတ်ငွေ့လိုအပ်ချက်ကြီးမားလာနိုင်သော ဥရောပတိုက်အနေဖြင့် ယူကရိန်းရှိ ပိုက်လိုင်းများမှတဆင့် ရုရှားဓါတ်ငွေ့ပေးပို့နေမှုကို နှစ်ကူးချိန်နံနက်အစောပိုင်းအထိသာ နောက်ဆုံးအနေဖြင့် လက်ခံရရှိတော့မည်ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်က နိုင်ငံများအကြား တဆင့်ခံ ဓါတ်ငွေ့ပို့လွှတ်မှုဆိုင်ရာ သဘောတူညီချက်သည် နှစ်ကူးအကြိုညတွင် သက်တမ်းကုန်မည်ဖြစ်ပြီး ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Gazprom က ယူကရိန်းပိုက်လိုင်းများမှတဆင့် ဥရောပသို့ တင်ပို့မှုကို နှစ်သစ်ကူးနေ့တွင် ဖြတ်တောက်ရန် မျှော်မှန်းထားသည်။ သဘောတူညီမှုရရန် အချိန် ၁၁ နာရီသာကျန်ပြီး သဘောတူညီချက်မရခဲ့ပါက ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ခဲ့ပြီးနောက်ပိုင်း သမိုင်းဝင် အရွှေ့အပြောင်းတစ်ခုဖြစ်လာမှာဖြစ်သည်။ ရုရှားသည် တစ်ချိန်က ဥရောပတိုက်၏ အကြီးဆုံး ဓါတ်ငွေ့ရောင်းချနိုင်ငံဖြစ်သော်လည်း စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏ အီးယူဖောက်သည်အားလုံးနီးပါးကို ဆုံးရှုံးခဲ့ရကာ ဗဟိုဥရောပတစ်ဝန်းမှ ဓါတ်ငွေ့အဝယ်တော်များသည် အမေရိက၊ နော်ဝေနှင့် ကာတာနိုင်ငံများဘက် ခြေဦးလှည့်သွားခဲ့ကြသည်။ […]
ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၁၃ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။ “၁၃ရက်နေ့ စစ်အရာရှိတွေပြေးကုန်ပြီ (၇၂)နာရီအတွင်း တပ်ချုပ်ကိုဖမ်းရန် ကုလထုတ်တဲ့အမိန့်ကြောင့် မအလ ရရှားတန်းပြေးပြီး/မဲလုံးအတည်ပြု” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုထားပေမဲ့ ဒီအကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ […]
၂၀၂၄၊ ဒီဇင်ဘာ ၁၇ ( အင်္ဂါနေ့ ) အမေရိကန် တာလတ်ပစ် နဲ့ တာဝေးပစ် ဒုံးကျည်များ ယူကရိန်းကို ဖြန့်ကျက်ခြင်းမပြုရန်၊ ယူကရိန်းအပေါ် အနောက်အုပ်စု၏ ပံ့ပိုးကူညီနေမှုက နျူစစ်ပွဲကြီးဖြစ်အောင် ရုရှားကို တွန်းအားပေးနေတယ်လို့ သမ္မတ ဗလာဒီမာပူတင်က သတိပေးပြောလိုက်ပါတယ်။ တနင်္လာနေ့က ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိများ အစည်းအဝေးတွင် ပူတင်က အမေရိကန် သည် မော်စကိုအား အားပျော့စေရန်နှင့် ဗျူဟာမြောက် ရှုံးနိမ့်မှု ဖြစ်လာစေရန်ကို ကြိုးပမ်းနေကြောင်း၊ ကိယက်ဗ်၏ တရားမဝင်သော အုပ်ချုပ်မှုစနစ်အား လက်နက်နှင့် ငွေကြေးဖြင့်ပံ့ပိုးမှု ဆက်လက်လုပ်ဆောင် နေကြောင်း၊ ကြေးစားများနှင့် စစ်ဘက်အကြံပေးများ စေလွှတ်ခြင်းဖြင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာစေရန် တွန်းအားဖြစ်စေကြောင်း ပြောကြားခဲ့ပါတယ်။ “ဝါရှင်တန်အစိုးရက “ရိုးရှင်းသောနည်းဗျူဟာများ” ကိုအသုံးပြုခြင်းဖြင့် အမေရိကန်များကို ကြောက်ရမယ်ဆိုတဲ့ အသိတရားတိုးပွားစေပါတယ်။ […]
၂၀၂၄၊ ဒီဇင်ဘာ ၁၃ ( သောကြာနေ့ ) G7 အုပ်စုဝင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်အပါအဝင် အီးယူနဲ့ ဩစတေးလျှတို့က ရုရှား ရေနံ နဲ့ ရေနံထွက်ပစ္စည်းများအပေါ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဈေးနှုန်း ကန့်သတ်ချက်များ လုပ်ပါက ဆက်လက်ရောင်းချပေးသွာမှာ မဟုတ်ဘူး လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီကနေ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြသွားပါတယ်။ ရုရှားရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို ဈေးနှုန်းကန့်သတ်ချက်တွေနဲ့ ဝယ်ယူတဲ့ ပမာဏ ကန့်သတ်ချက်တွေ လုပ်ဖို့အတွက် အထက်ဖော်ပြပါနိုင်ငံတွေက လုပ်ဖို့ကြိုးစားနေတာနဲ့ ပတ်သက်ပြီး ရုရှာသမ္မတက ဈေးနှုန်းကန့်သတ်မှုကို နောင်နှစ် ဇွန်လအထိ မလုပ်ရဘူးလို့ တရားဝင်စာထုတ်ပြီး တားလိုက်တာပါ။ ရေနံဈေးနှုန်းကန့်သတ်ချက်အပေါ် လက်တုံ့ပြန်သည့်အမိန့်စာသည် ၂၀၂၃ ခုနှစ်၊ […]
၂၀၂၄၊ ဒီဇင်ဘာ ၄ ရုရှားစစ်သင်္ဘောများနှင့် တိုက်လေယာဉ်များသည် မြေထဲပင်လယ်အရှေ့ပိုင်း၌ စစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အသံထက်မြန်သော၊ ခရုဇ်နှင့် ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်ခဲ့သည်။ တနင်္ဂနွေနေ့က စတင်ခဲ့သော အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် သင်္ဘောသားနှင့် လေတပ်သား ၁၀၀၀ ကျော်၊ သင်္ဘောဆယ်စင်းနှင့် ထောက်ပံ့ရေးသင်္ဘောများ၊ လေယာဉ် ၂၄ စီးနှင့် ကမ်းရိုးတန်းပစ် အတွဲလိုက် ဒုံးကျည်တို့ ပါဝင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ရုရှားရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Alexander Moiseyev အလက်ဇန်ဒါ မွိုက်ဆီယက်က လေ့ကျင့်မှုကို ကြီးကြပ်ခဲ့သည်။ “တိုက်ခိုက်ရေး လေ့ကျင့်ခန်းအချို့တွင် ရုရှားရေတပ်နှင့် လေတပ်မှ မကြာသေးမီက လက်ခံကျင့်သုံးခဲ့သော ရှုပ်ထွေးသော တိကျသေချာသော လက်နက်များ အသုံးပြုခြင်း ပါဝင်သည်”ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အင်္ဂါနေ့လေ့ကျင့်မှုတွင် ဒုံးကျည်ဖရီးဂိတ်စစ်ရေယာဉ် […]
ယူကရိန်းသည် US ATACMS ဒုံးကျည်များကို အသုံးပြုပစ်ခတ်ပြီးနောက် တစ်ရက်အကြာတွင် ရုရှားပစ်မှတ်များကို နောက်ဆုံးပေါ် အနောက်တိုင်းလက်နက်အသစ်ဖြစ်သည့် ဗြိတိန်လုပ် Storm Shadow ခရုဇ်ဒုံးကျည်များဖြင့် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ဗုဒ္ဓဟူးနေ့တွင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုကို ရုရှားစစ်သတင်းထောက်များက Telegram မှာ ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံခဲ့ပြီး အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက အတည်ပြုထားကြောင်း သိရသည်။ ရုရှားပိုင်နက်ကို အနောက်နိုင်ငံ လက်နက်များသုံးပြီး တိုက်ခိုက်ခြင်းသည် ပဋိပက္ခကို ပိုကြီးမားလာမည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။ ယူကရိန်းအရှေ့မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော Kursk ဒေသတွင် ကြီးမားသော ပေါက်ကွဲသံ ၁၄ ခုထက်မနည်းကြားရပြီး အများစုမှာ ဒုံးကျည်ကဲ့သို့ စူးရှသော ဝီစီသံများနှင့်အတူ လူနေရပ်ကွက်တစ်ခုတွင် အနက်ရောင် မီးခိုးများ တက်လာသည့် ရိုက်ကူးထားသည့် […]
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံရယ်၊ လေယာဉ်ပျံတစ်စီးရဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “MRTV ကြေညာလို့ တနိုင်ငံလုံး လန့်ကုန်ပြီ။ မင်းအောင်လှိုင် ရုရှားပြေးပြီ။ မနိုင်တော့မှန်း သိလို့ ခေါင်းရှောင်ပြီဟေ့” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၆၀၀၀၀ ကျော် […]