စစ်ခေါင်းဆောင်တွေရုံးစိုက်တဲ့နေပြည်တော်က MICC 2 ခန်းမကို အဝေးထိန်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ လုံခြုံရေးထူထပ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ရုံးစိုက်ရာ နေပြည်တော်မှာရှိတဲ့ MICC 2 ခန်းမမှာ နိုဝင်ဘာ ၂၅ ရက်က အာဏာသိမ်းစစ်တပ်ရဲ့ ကြည်း ၊ ရေ ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ သားဖြစ်သူ မင်္ဂလာပွဲကျင်းပနေချိန် ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းပြီး အဝေးထိန်း အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က အကြီးအကဲတွေ တက်ရောက်မယ်ဆိုတဲ့ သတင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ NUG […]