မန်ယူအသင်းက ကက်စ်မဲရိုးအတွက် သင့်တော်သည့်ကမ်းလှမ်းမှုရရှိပါက လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း အတည်ပြုကြေညာ မန်ချက်စတာ ဇန်နဝါရီ ၂ မန်ယူအသင်းက ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ကာလတွင် ကွင်းလယ်ကစားသမား ကက်စ်မဲရိုးကို ခေါ်ယူရန် သင့်တော်သည့် ကမ်းလှမ်းမှုရရှိပါက လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ ကွင်းလယ်ကစားသမား ကက်စ်မဲရိုးသည် ၂၀၂၂ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ဘောလုံးရာသီက ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသကဲ့သို့ ယခုဘောလုံး ရာသီတွင်လည်း ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသူဖြစ်သည်။ လက်ရှိကက်စ်မဲရိုးနှင့်မန်ယူအသင်းတို့စာချုပ် သက်တမ်းမှာ ၂၀၂၆ ခုနှစ် ဇွန်လအထိကျန်ရှိနေသေးသော်လည်း မန်ယူအသင်းက ဇန်နဝါရီလကစားသမားအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူအင်အားဖြည့်တင်းရန်အတွက် ကက်စ်မဲရိုးကို ပြန်လည်ရောင်းချရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။ မန်ယူအသင်းသည် အသင်းကို အပြောင်းအလဲလုပ်ဆောင်ရန်ကြိုးပမ်းနေပြီး ကစားသမားသစ်များခေါ်ယူရန်အတွက် ဇန်နဝါရီလကစားသမားအပြောင်းအရွှေ့ကာလနှင့်လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတို့တွင် အသင်းမှကစားသမားအများစုကို ရောင်းချရန် ပြင်ဆင်နေကြောင်း […]