တအောင်း(ပလောင်)အမျိုးအသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့်နယ်မြေအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နိုဝင်ဘာ တစ်လအတွင်း အရပ်သား (၄၀)နီးပါး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီ၏လေကြောင်းဗုံးကြဲမှုများကြောင့် TNLA ထိန်းချုပ်ထားသည့် သျှမ်းပြည် မြောက်ပိုင်း နောင်ချို၊ မိုင်းငေါ့၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့ တွင် အရပ်သားပြည်သူ ၃၈ ဦးသေဆုံးခဲ့ပြီး ၇၀ ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် အလုံး (၁၃၀) ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့်အဆောက်အဉီး လေကြောင်းဖြင့်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများတွင် ကလေးငယ်များလည်းပါဝင်ပြီး သံဃာတော် (၂) ပါး အပါအဝင် ဒေသခံပြည်သူ ၇၀ ဦး ဒဏ်ရာရရှိခဲ့သည်။ TNLA ၏ ထုတ်ပြန်ချက်တွင် နောင်ချိုမြို့အတွင်း သေဆုံးသူ […]