ylliX - Online Advertising Network

ဧရာဝတီကိုထိုးဖောက်မယ့် တိုင်းစစ်ဌာန ဧရာဝတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်းကြေညာ၊ EROsတွေနဲ့ လက်တွဲတိုက်သွားမယ်လို့ ဆို

ဧရာဝတီမြေကိုထိုးဖောက်ပြီး အောင်ပွဲများရယူဖို့ တိုင်းစစ်ဌာန(ဧရာဝတီ)ကို စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း မနေ့က ဒီဇင်ဘာ ၁၂ရက်မှာ ကြေညာပါတယ်။တိုင်းစစ်ဌာန ဧရာဝတီဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူပြီး ဖွဲ့စည်းခြင်းဖြစ်တယ်လို့ သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်က ချမှတ်ထားတဲ့ သစ္စာဓိဌာန်(၄)ချက်ကို မြဲမြံစွာ စောင့်ထိန်းပြီး အဆင့်ဆင့် အမိန့်ပေးကွပ်ကဲနာခံမှုနဲ့ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက် သွားမည်လို့ ကတိပြောပါတယ်။တိုင်းစစ်ဌာန(ဧရာဝတီ)ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲများ ရယူနိုင်ဖို့ မဟာမိတ် (EROs) တွေနဲ့ လက်တွဲပူးပေါင်းပြီး ကြိုးစားတည်ဆောက် တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။ Continue Reading Source link