သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လတွင် စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလအထိ ၆ လကျော်ကြာ ထိတွေ့တိုက်ပွဲ ပစ်ခတ်မှုရှိခဲ့သည်ဟု သိရသည်။ နောင်ချိုမြို့နယ်အတွင်း အဆိုပါ တိုက်ပွဲသည် လက်ရှိအချိန်ထိ ၂ ပတ်တာခန့် ငြိမ်သက်ခဲ့သော်လည်း ဘန့်ဘွေးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သက် ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင်း ပြည်သူနေအိမ်များ ထပ်မံပျက်စီးနေကြောင်း နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တိုက်ပွဲက ဩဂုတ်လကတည်းက ဖြစ်တာ၊ ခုဆို ၆ လကျော်နီးပါးလောက် ရှိနေပြီ။ ခုက တိုက်ပွဲငြိမ်သွားတာ ၂ ပတ်လောက်ရှိပြီ၊ စစ်တပ်ဘက်ကပဲ လက်နက်ကြီးနဲ့ ပစ်နေတာ နေ့တိုင်းလိုလိုပဲ။ ဘန့်ဘွေးရွာကနေ ၂၅ ရက်ကနေ ၃၁ […]
နေပြည်တော်၊ ဒီဇင်ဘာ ၂ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် သမန္တပို့ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။ ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့တွင် ကမ္ဘဲ့ကျေးရွာအတွင်း PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိနေပြီး ဒေသခံပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် အဓမ္မလူသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ လျှို့ဝှက်စွာသတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် သမားများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကျေးရွာအတွင်းမှ အကြမ်းဖက်သမားများက နေအိမ် များကို မီးရှို့ဖျက်ဆီးပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် သမန္တပို့ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက လက်နက်ကြီးပစ်ခတ်ခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် […]
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီရဲ့ လက်အောက်ခံ မြဝတီအသံလွှင့်ဌာနကို လက်နက်ကြီး ၃လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့က ကြေညာပါတယ်။မနေ့က နိုဝင်ဘာ ၂၁ရက် ညနေ ၅နာရီ ၁၀မိနစ်လောက်မှာ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနကို M79 ၄၀မမ လက်နက်ကြီး ၃လုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။နောက်ထပ်ပစ်မှတ်ကြီးတွေကိုလည်း အကြမ်းဖက် စစ်အာဏာရှင်မပြုတ်မချင်း ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။ပြည်သူတွေအနေနဲ့ စ်စကောင်စီနဲ့ ပတ်သတ်တဲ့ နေရာတွေနဲ့ ဝေးရာမှာ နေထိုင်ပေးကြဖို့ Yangon Aarmy က မေတ္တာရပ်ခံထားပါတယ်။ ပုံစာ -မြဝတီအသံလွှင့်ဌာန (မှော်ဘီ)ကို စစ်ခေါင်းဆောင် လာရောက်ခဲ့စဥ် Continue Reading Source link
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ တတိယပတ်မှ စတင်၍ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ် စတင်လာပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့သည်။ နောင်ချိုမြို့နယ် ဂန့်ကော်နှင့် တောင်းခမ်းဒေသတို့တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ယနေ့ ( အောက်တိုဘာလ ၂၈ ရက်) နံနက်ပိုင်းအထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း အသက် (၄၀) နှစ် ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အောက်တိုဘာ ၂၆-၂၇ တစ်ညလုံး တစ်နေကုန် မနားပဲပစ်တာ၊ လက်နက်ကြီးကော သေနတ်သံကော ကြားရတယ်။ တိုက်ပွဲက […]