ရှားတောမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တွင် စစ်အင်အား ၈၀ ရှိ မယ်လယု တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးမှု လက်နက်ခဲယမ်းများနှင့် စက်ယန္တရာများ သိမ်းဆည်းရရှိ၊ စစ်တပ် ကာကင်းစခန်းတစ်ခုကိုလည်း တိုက်ခိုက်သိမ်းပိုက် ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ကရင်နီပြည်၊ ရှားတောမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လယုစစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီ တပ်သားများအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများနှင့် စက်ယန္တရားများ သိမ်း ဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီကျော်က ရှားတောမြို့နယ်၊ ဆိုးတရှားမြို့နယ်ခွဲရှိ မယ်လယု တပ်စခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရှမ်းပြည်နယ်ဘက်သို့ တပ်ဆုတ်သွား သ ဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်လုပ်ဆောင်ခဲ့ရာ ၆၀ […]
မဟာမိတ်တပ်ဖွဲ့များဖြင့် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသော ချင်းညီနောင်တပ်ဖွဲ့သည် ချင်းပြည်နယ် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား ဖမ်းဆီးရမိကြောင်း ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းညီနောင်တပ်ဖွဲ့များသည် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်း၍ ချင်းညီနောင်စစ်ဆင်ရေး CB အမည်ဖြင့် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။ လက်ရှိတွင် စစ်ကောင်စီ၏ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြားမှ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီအခြေချစခန်းများကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ […]