ခရိုအေးရှားနိုင်ငံ၏ လက်ရှိသမ္မတ ဇိုရန် မီလန်နိုဗစ်သည် ဇန်နဝါရီ ၁၂ ရက်၌ ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ပြိုင်ဘက်ဖြစ်သူ ဒရာဂန် ပရီမိုရက်အား အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း ခရိုအေးရှား နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် (SEC) ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ဆန္ဒမဲအရေအတွက် ၉၉.၅၉ ရာခိုင်နှုန်းအား ရေတွက်ပြီးချိန်တွင် မီလန်နိုဗစ်မှာ မဲအရေအတွက် ၇၄.၆၇ ရာခိုင်နှုန်း ရရှိခဲ့ကာ ပရီမိုရက်မှာမူ မဲအရေအတွက် ၂၅.၃၃ ရာခိုင်နှုန်းသာ ရရှိခဲ့သည်ဟု SEC က ဆိုသည်။ခရိုအေးရှားနိုင်ငံတွင် တရားဝင်မဲပေးခွင့်ရှိသူ ၃.၇ သန်းကျော်ရှိကြောင်း၊ ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲတွင် လာရောက်မဲပေးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၄၄.၁၅ ရာခိုင်နှုန်းခန့်ရှိကြောင်း SEC က ပြောကြားခဲ့သည်။ (Xinhua) …………………….(English Version)Zoran Milanovic secures […]