နေပြည်တော်၊ နိုဝင်ဘာ ၂၂ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ယူနန်ပြည်နယ် မန်စီမြို့မှ မြန်မာနိုင်ငံနယ်စပ် ရွှေလီမြို့သို့ သွားရောက်၍ ရွှေလီမြို့ ကြယ်ဂေါင်လူဝင်မှုစစ်ဆေးရေးဂိတ် လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှု လေ့လာသည်။ ထိုသို့ ကြည့်ရှုစဉ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူး Mr.Jiang Bing က ကိုးကန့်ဒေသ၌ လက်နက်ကိုင် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်း EAO များ ထိန်းသိမ်းထားသည့် နယ်စပ်ဒေသများရှိ နယ်စပ်စစ်ဆေးရေးဂိတ်များအား လက်ရှိအခြေအနေတွင် ဝင်/ထွက် မှုများရပ်ဆိုင်းကာ ပိတ်သိမ်း ထားရှိမှု၊ အစိုးရအချင်းချင်း အပြန်အလှန်ပူးပေါင်းညှိနှိုင်းပြီးမှသာ ပိတ်သိမ်းထားသည့် နယ်စပ်ဂိတ်များကို လိုအပ်သလို ခွင့်ပြုဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသား လူဝင်မှုကြီးကြပ်ရေး […]