နေပြည်တော်၊ ဇန်နဝါရီ ၂၃ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ဇန်နဝါရီ ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရေစကြိုမြို့နယ် ဝန်ခုတ်ကျေးရွာ၌ မော်တော်ယာဉ်ကိုးစီးပေါ်မှ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ ၃၄ ပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၃၀၄,၀၀၀) နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Hiject မော်တော်ယာဉ် ကိုးစီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀,၀၀၀,၀၀၀)တို့ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်ခုနစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၂၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မြို့သစ်မြို့နယ်၌ တရားမဝင်မီးသွေး (၂ ဒသမ ၂၂၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀) […]
တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ နေပြည်တော် ဒီဇင်ဘာ ၂၂ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ဒီဇင်ဘာလ ၁၉ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁၂)လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၃၁၉၀၄၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၂၆၀၄၀) […]