ylliX - Online Advertising Network

လူငယ်တိုင်းစွမ်းရည်မြင့်မားအောင်ဖြည့်ဆည်းရေး

  လူငယ်တိုင်းစွမ်းရည်မြင့်မားအောင်ဖြည့်ဆည်းရေး ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတမည်မျှပင် ပေါကြွယ်ဝစွာ ရှိနေစေကာမူ လူသားအရင်းအမြစ်ကြွယ်ဝမှုမရှိလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ရှိနိုင်မည်မဟုတ်ပေ။ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံရှိ လူသားအရင်းအမြစ်ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ်လူငယ် များကို ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ လူငယ်များကို ဘက်စုံပညာရေးစနစ်ဖြင့် အကောင်အထည်ဖော်နေပြီး ပညာကိုဆုံးခန်းတိုင်  သင်ကြားတတ်မြောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူငယ်များမှာ နိုင်ငံတော်၏သားကောင်းရတနာများဖြစ်သည့်အတွက် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှလုပ်ဆောင်ပေးလျက်ရှိပါသည်။ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့် မျိုးဆက်သစ်များ ဖြစ်ကြသည်။ မျိုးဆက်သစ်တို့အနေဖြင့် အရာရာတွင်ထူးချွန် ထက်မြက်နေရန် လိုပေသည်။ ထူးချွန်ထက်မြက်ရန် လူငယ်များ ကိုယ်တိုင်ကြိုးစားရမည်ဖြစ်သလို […]