လှိုင်သာယာမြို့နယ်သည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြသူ အများအပြားနေ ထိုင်ကြသည်ဖြစ်သဖြင့် ရေစီးရေလာကောင်းမွန်ရေးကို အဓိကဖြေရှင်းဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ နစက ဥက္ကဋ္ဌမှ ယနေ့ နိုဝင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့အား ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌသည် လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတားနှင့် မီးခွက်ဈေးအကြားရှိ ရေ မြောင်းများ ထိန်းသိမ်းပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းတစ်လျှောက် အရိပ်ရသစ်ပင်များ စနစ်တကျစိုက်ပျိုးရေးနှင့်လိုအပ်သည်များကို မှာကြားခဲ့သည်။ ထို့နောက် ဘုရင့်နောင်ပန်းခြံကိုရောက်ရှိပြီး ရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နစကဥက္ကဋ္ဌက လှိုင်သာယာမြို့နယ်သည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြသူများ အများအပြားနေထိုင်ကြသဖြင့် မြို့နယ်စိမ်းလန်းစိုပြေရေး၊ […]
Credit to Popular Journal – ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ယနေ့အောက်တိုဘာ (၂၅)ရက် တစ်ရက်တည်းအတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ အောက်တိုဘာ (၂၄)ရက် ညပိုင်းကလည်း ဓါတ်တိုင်မီးလောင်မှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။ ယနေ့ အောက်တိုဘာ (၂၅)ရက်၊ ည(၆)နာရီ (၅၅)မိနစ်အချိန်ခန့်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဒိုင်စုကျေးရွာ၊ ပန်းလှိုင်ဂေါက်ကွင်းလမ်း၊ စက်မှုဇုန်အပိုင်း(၆)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်မီးသတ်စခန်း၊ အင်းစိန်မြို့နယ်မီးသတ်စခန်း၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထွက်ခွာပြီး ဝိုင်းဝန်းငြှိမ်းသတ်ရာ မိနစ် (၂၀)နီးပါး ငြှိမ်းသတ်ခဲ့ပြီးနောက် ည (၇)နာရီ (၁၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အလားတူ ယနေ့ အောက်တိုဘာ (၂၅)ရက်၊ နံနက် (၁၀)နာရီ […]