စစ်တွေ၊ ဒီဇင်ဘာ ၇ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာ စားပွဲသို့ တက်ရောက်ကြသည်။ ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးသို့သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အလေအလွင့်ဆုံးရှုံးမှုများ မရှိစေရန်နှင့် စနစ်တကျစည်းကမ်းရှိရှိ ဆောင်ရွက်နိုင်ရန်အရေးကြီးကြောင်း၊ နောက်ဆုံးတွင် စာရင်း စစ်ဆေးခံနိုင်အောင် လုပ်ဆောင်ရကြောင်း၊ ထို့ကြောင့် စာရင်းစစ်ဌာနသည်အရေးကြီးကြောင်း၊ ဌာနတိုင်း ဌာနတိုင်းသည် ဆက်စပ်နေသည့်အတွက် အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့်ရုံးစာရွက် စာတမ်းများလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းများကိုလည်း ဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် […]