တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က “၁၀၂၇ စစ်ဆင်ရေး”အတွင်း ထိန်းချုပ်ထားနိုင်သည့် ဒေသများတွင် ဒေသခံပြည်သူများ ပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လိုက်သည်။ ဇန်နဝါရီလ (၃) ရက်မှ (၇) ရက်အထိ PSLF/TNLA ယာယီဌာနချုပ်တွင် ကျင်းပခဲ့သည့် နှစ်ပတ်လည် အစည်းအဝေးတွင် တအာင်း(ပလောင်) တပ်မတော်ကို တပ်မဟာ (၉)ခု အဖြစ် တိုးချဲ့ပြင်ဆင်ခြင်းနှင့်အတူ ထိန်းချုပ်မြို့များကိုလည်း အုပ်ချုပ်ရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် မြို့ (၁၈) မြို့ ပါဝင်သည့် ခရိုင် (၅)အဖြစ် ပြင်ဆင်စုဖွဲ့ရန် သဘောတူခဲ့ကြကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိန်းချုပ်ထားသည့် မြို့(၁၂) မြို့တို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများကို TNLA မှ ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ ပါဝင်နိုင်မည့် […]