ylliX - Online Advertising Network

အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ | Myawady Webportal

  အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ   နေပြည်တော် ဒီဇင်ဘာ ၂၀      ယနေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော  ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောအားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါအားကောင်းသော   လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ နောက် ၁၂ နာရီအတွင်း   ဘင်္ဂလားပင်လယ်အော်   အနောက်အလယ်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့    ရောက်ရှိနိုင်ပြီး   ၃၆ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရသည်။  (မိုး/ဇလ) Source link

အားကောင်းသော လေဖိအားနည်းရပ်ဝန်း တဖြည်းဖြည်း အားလျော့သွားနိုင် | Myawady Webportal

  အားကောင်းသော လေဖိအားနည်းရပ်ဝန်း တဖြည်းဖြည်း အားလျော့သွားနိုင်   နေပြည်တော်   ဒီဇင်ဘာ   ၁၂       ယနေ့နံနက် ၁၁ နာရီခွဲအချိန်တိုင်းထွာချက်များအရ သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းခြေအနီးမှ   ဖြတ်ကျော်ခဲ့သော အားကောင်းသော    လေဖိအားနည်းရပ်ဝန်း  (WellMarked  Low   PressureArea)သည်    အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ တမီးလ်နာဒူးတောင်ပိုင်း   ကမ်းခြေကို ဆက်လက်ဖြတ်ကျော်ခဲ့သည်။ အဆိုပါအားကောင်းသော    လေဖိအားနည်းရပ်ဝန်းသည်   အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး တဖြည်းဖြည်း အားလျော့ သွားနိုင်သည်ဟု ခန့်မှန်းရသည်။ (မိုး/ဇလ) Source link