နေပြည်တော်၊ ဒီဇင်ဘာ ၁၅ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများသည် လာအိုနိုင်ငံ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင်ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ ပူးတွဲကော်မတီ၏ နဝမအကြိမ်မြောက်အစည်းအဝေးနှင့် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ အဆင့်မြင့်အရာရှိကြီးအဆင့် အကြိုညှိနှိုင်း အစည်းအဝေးများသို့တက်ရောက်ရန် ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။ အစည်းအဝေး ပထမနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည် အမျိုးသားပို့ဆောင်မှု […]