စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်တွင်းအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအပြင် နိုင်ငံတကာအစိုးရတွေနဲ့လည်း လက်တွဲဆောင်ရွက်သွားမယ်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ KNF သဘောထား ထုတ်ပြန်ပါတယ်။ “ကျွန်တော်တို့ကပိုပြီးတော့ ဖက်ဒရယ်တိုင်းပြည် ဖြစ်လာဖို့အတွက် အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ဘဲ စဉ်းစားထားတာပေါ့ အဲထဲမှာမှအတူလက်တွဲလို့ရတဲ့သူတွေနဲ့ အတူလုပ်ဆောင်သွားမှာပါ” လို့ Kachin National Forum-KNF တာဝန်ရှိသူက ပြောပါတယ်။ ၁၉၄၈ ခုနစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကချင်တိုင်းရင်းသားလူမျိုးတွေအနေနဲ့ စီးပွားရေး၊ ပညာရေးနဲ့ နိုင်ငံရေး အခွင့် အလမ်းတွေကို တန်းတူ မရရှိတဲ့အပြင် ဖိနှိပ်သတ်ဖြတ်မှု အမျိုးမျိုးကိုလည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကနေ ယနေ့ အချိန်ထိ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေအနေနဲ့လည်း လူအခွင့်အရေး ချိုးဖောက်သတ်ဖြတ်ခံရမှုတွေအပြင် စစ်ကောင်စီတပ်သားတွေရဲ့ အဓ္မမပြုကျင့် စော်ကားခံရမှုတွေကိုလည်း အမျိုးမျိုးကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ လွတ်လပ်ရေးအတွက် အားလုံးပြန်လည်ကြိုးစားရမှာဖြစ်တယ်လို့ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ်က အခုလို ပြောပါတယ်။ “ဖက်ဒရယ်စနစ်ထဲမှာတောင် အမျိုးသမီးတွေရဲ့ […]
၂၀၂၅ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ ဒီကနေ့ စနေနေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေနဲ့ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု လိုက်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပြုတာမှာလည်း အကျဉ်သားတွေဟာ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန် ရင် အရင်ပြစ်ဒဏ် ကိုပါ တပေါင်းတစည်းတည်း ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး တသက်တကျွန်းကျပြစ်ဒဏ်ခံနေရတဲ့ အယောက် ၁၄၄ ယောက်ကို တသက်တကျွန်းပြစ်ဒဏ်ကနေ ၁၅နှစ်ပြစ်ဒဏ်ကို လျော့ပေါ့ပေးလိုက်ပါတယ်။ ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံခြား သား အကျဉ်းသူ၊အကျဉ်းသား ၁၈၀ ဦး ပါဝင်ပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ […]