ylliX - Online Advertising Network

စားအုန်းဆီဈေးတွေ မြင့်တက်လာ

အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအဓိကသုံးစွဲတဲ့ ရန်ကုန်မြို့က စားအုန်းဆီဈေးကွက်အတွင်း ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာနေတယ်လို့ ‌ရောင်းချသူတွေနဲ့ စားသုံးသူတွေဆီက သိရပါတယ်။   မူရင်းဈေးဖြစ်တဲ့ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းရဲ့ ရည်ညွှန်းဈေးတွေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက တောက်လျှောက်မြင့်တက်လာတာကြောင့် သမစနစ်လို စာအုပ်နဲ့ထုတ်ယူရတဲ့ဈေးနဲ့ ပြင်ပမှောင်ခိုဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။   “ဈေးက ရှေ့တစ်ပတ်သွားထုတ်တုန်းကတော့ ၈၀၀၀၊ အခုအခေါက်က ၈၅၀၀၊ ၉၀၀၀ လောက်ဖြစ်နေပြီ။ အပြင်ဈေးကတော့ ကျွန်မတို့ဘက်မှာ တစ်ဆယ်သား ၁၄၀၀၊ ၁၅၀၀ လောက်ရှိတယ်။ တစ်နေ့နဲ့ တစ်နေ့တောင်ဈေးက မတူဘူး” လို့ လှိုင်မြို့နယ် ၁၅ ရပ်ကွက်က စာအုပ်နဲ့ဆီဝယ်ယူစားသုံးနေရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။   စစ်ကောင်စီထုတ်ပေးတဲ့ စာအုပ်နဲ့ ၁၀ ရက်တစ်ခါထုတ်ရပေမဲ့ တစ်ခါတစ်ရံ ၁၅ ရက်တစ်ခါထုတ်ရတာမျိုးလည်းရှိတယ်လို့ […]