အမေရိကန်နိုင်ငံရေးစနစ်ရဲ့အတွင်းသရုပ် (ဝါ) Deep state မောင်တင့်တယ် (မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၂၅ Deep state ဆိုတာအမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးစနစ်ထဲမှာ လျှို့ဝှက်နက်ရှိုင်းစွာဖွဲ့တည်အမြစ်တွယ်နေတဲ့၊ အမေရိကန်နိုင်ငံရေးကို နောက်ကွယ်ကကြိုးကိုင်နေတဲ့ ကော်ပိုရေးရှင်း(corporations)ကြီးတွေ၊ လက်ဝါးကြီးအုပ်ဘဏ္ဍာသူကြွယ်အုပ်စုကြီးတွေနဲ့ညဏ်ကြီးရှင်အဖွဲ့တွေ(think tanks) အပါ၊ အဖွဲ့ပေါင်းစုံနဲ့နက်ရှိုင်းစွာစုဖွဲ့ထားတဲ့လျှို့ဝှက်အာဏာကွန်ယက် ကြီးတခုပါပဲ။ ဒီကွန်ယက်ကြီးရဲ့ခေါင်ချုပ်ကတော့ (Financial oligarchy)လို့ ခေါ်ဆိုလေ့ရှိကြတဲ့ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများကို ထိန်းချုပ်ထားတဲ့အလွန်ချမ်းသာပြီး ဩဇာရှိသူအုပ်စုငယ်တစုပဲ ဖြစ်ပါတယ်။ Deep state ဆိုတာ ဓနဥစ္စာကြွယ်ဝမှုနဲ့နိုင်ငံရေးအာဏာရဲ့ဆုံရပ်ကို မီးမောင်းထိုးပြနေတဲ့ သင်္ကေတတရပ်လို့ဆိုရင်လည်း မမှားပါဘူး။ ဒါကို *The shadow government*၊ *cryptocracy* ၊ *secret government* or *invisible government* ဆိုပြီး အမျိုးမျိုးခေါ်ဆိုကြပါသေးတယ်။ အမေရိကန်ပြည်ထောင်စုအပါ အနောက်တိုင်းအရင်းရှင်နိုင်ငံတွေနဲ့တခြားဖွံ့ဖြိုးပြီးအရင်းရှင်နိုင်ငံအသီးသီးမှာ ယေဘုယျအားဖြင့် ဒီလိုအစိုးရ (၂) […]
နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ “ဝ” ဒေသ(၆)ခုမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများအား ဆေးတက္ကသိုလ် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ Join – https://t.me/MyanmarNationalPost Source link
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ပြီး စားနပ်ရိက္ခာနှင့် စက်သုံးဆီ သယ်ယူခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီများကို သယ်ဆောင်ခွင့်မပြုဘဲ ပန်ဆန်းနှင့် မိုင်းလားနယ်စပ်ဂိတ်ကြီးများကိုပါ ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ပြောသည်။ “မနေ့က (အောက်တိုဘာ ၂၇ ရက်) စပြီး ‘ဝ’နဲ့ မိုင်းလားဒေသထဲကို တရုတ်က စားနပ်ရိက္ခာနဲ့ စက်သုံးဆီ ပေးမသယ်တော့ဘူး။ ပန်ဆန်းဂိတ်ကော မိုင်းလားဂိတ်ကြီးကော ပိတ်လိုက်ပြီလို့ ကြားတယ်။ အဲ့တာကြောင့် ဒေသခံတွေက ကြောက်လန့်ပြီး […]