ylliX - Online Advertising Network

တောင်ကြီး ဆေးရုံတွင် ကချင် အမျိုးသမီးတစ်ဦးကို KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီ အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးမြို့ ပန်းလှိုင်ဆေးရုံတွင် လူနာစောင့်နေသည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးကို KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီမှ အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၁၆) ရက် ည ၁၀ နာရီခန့်တွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပန်းလှိုင်ဆေးရုံ၌ လူနာစောင့်နေသည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးကို TikTok ဗွီဒီယိုမှတဆင့် ခြေရာခံပြီး KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပြည်သူ့စစ် (၁၀) ဦးမှ အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ တောင်ကြီးဒေသခံများက ပြောသည်။ “ည ၁၀ နာရီလောက် လာဖမ်းသွားတာ၊ Tik Tok ဗွီဒီယိုကနေ လာတယ်ပြောတယ်။ အပြင်ဝတ်တွေနဲ့ ၁၀ ယောက်လောက် လာတယ်၊ ရဲလား ပြည်သူ့စစ်လား မပြောတတ်ဘူး။ အခန်းထဲ […]

စစ်ကိုင်းမြို့ပေါ်က ရဲတပ်ကြပ်ကြီးတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီး၊ လက်နက်ခဲံယမ်းများလည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က ရဲတပ်ကြပ်ကြီးတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကာ လက်နက်ခဲံယမ်းများလည်းရရှိခဲ့ကြောင်း ရတနာပုံ တပ်ဦးက သတင်းထုတ်ပြန်ပါတယ်။မနေ့က ဒီဇင်ဘာလ ၈ ရက် နံနက် ၁၁ နာရီခန့်က စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုအတွင်း ထိုး ဖောက်ဝင်ရောက်ကာ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင် ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရဲတပ်ကြပ်ကြီးနဲ့ အတူ 7.62 ကျည် ၁၈ တောင့်၊ 5.56 ကျည် ၃၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး ၊ လက်ထိပ် ၁ ခု၊ ဦးထုတ် ၂ လုံး၊ အပေါ်ဖောင်း ၂ စုံ တို့ကို သိမ်း ဆည်းရရှိခဲ့တယ်လို့ […]