ylliX - Online Advertising Network

ကန့်ဘလူတွင် အကြမ်းဖက်အခြေပြုနေရာများအား ဝင်ရောက်ရှင်းလင်း

ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက ကန့်ဘလူမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် တပ်မတော်+ပြည်သူ့စစ်(ကန့်ဘလူ) ပူးပေါင်းအဖွဲ့သည် တောင်ယာဆိပ်ရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာတွင် အကြမ်းဖက် PDF ၁၀ ဦးနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –(၁) လက်လုပ်သေနတ် (၁)လက်(၂) လက်လုပ်မိုင်း (၅၀)လုံး(၃) ရီမုမိုင်းဆားကစ် (၅)ခု(၄) ကျည်ကာအင်္ကျီ (၃)ထည်(၅) ပြောက်ကျားဦးထုပ် (၁)လုံး(၆) ဟန်းကော (၅)လုံး(၇) ၅ ယောက်အိပ်တဲ(၂)လုံး(၈) မှတ်စုစာအုပ်များ သိမ်းဆည်းရရှိခဲ့ပါသည်။ Source link

ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်သမားများအား ဝင်ရောက်ရှင်းလင်း

ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် လစခ(၉) ကန်ဇွန်းမ၏ အနောက်မြောက်ဘက်သို့အရောက် အကြမ်းဖက်အင်အား ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ဖြစ်စဉ်အတွင်းမှ အကြမ်းဖက်ကျားအလောင်း- ၁ လောင်းအမ်(၂၂) ၁ လက်ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ Source link

ကျွန်းလှရှိ PDF ခိုအောင်းရာနေရာများအား ဝင်ရောက်ရှင်းလင်း

နိုဝင်ဘာ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့၏ အနောက်မြောက်ဘက်မီတာ ၁၂၀၀၀ ခန့်အကွာ လွှတ်တိုက်ရွာသို့ နယ်မြေရှင်းလင်းစဉ် ၎င်းရွာအနီးသို့အရောက် နေရာ ၂ နေရာမှ အကြမ်းဖက်သူ အင်အား ၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများထံမှ- PDF ကျား -၂ လောင်းKIA ထုတ် ၆၀ မမ စိန်ပြောင်း- ၁ လက်လက်လုပ်သေနတ် -၄ လက်လက်လုပ်စိန်ပြောင်း -၂ လက်လက်လုပ်ဗုံးသီး -၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ Source link

ရေနံချောင်း PDF စခန်းများအား ပြည်သူများ၏သတင်းပေးချက်အရ ဝင်ရောက်ရှင်းလင်း

နိုဝင်ဘာ ၁၈ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဆန်းကန်ကြီးကျေးရွာဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်အင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဖြစ်စဉ်အတွင်း- PDF အလောင်း-ကျား ၃ လောင်းအမ်အေ(၃) -၁ လက်ကျည် -၁၀၀ တောင့်အီနာဂါ(ပို့ကျည်ပါ) -၁ လုံးကျည်အိမ် -၃ ခုကျည်ကာဦးထုပ် -၁ လုံးကျည်ကာအင်္ကျီ -၁ ထည်လျှပ်စစ်ဒီတိုနေတာ -၆ချောင်း တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ Source link

အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်၏ ကာကင်းစခန်းကို KIA ဝင်ရောက်ရှင်းလင်း – THE 74 MEDIA

ကံပိုက်တည်နှင့် ဆဒုံးကြား စင်ကြိုင်ကျေးရွာအနီးရှိ နယ်ခြားစောင့်တပ် ၁၀၀၃ ၏ ကာကင်းစခန်းတစ်ခုကို KIA ပူးပေါင်းတပ်က ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင် ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ စင်ကြိုင် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA ပူးပေါင်းတပ်က ယမန်နေ့နံနက်မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ကာကင်းစခန်းဖြစ်သည့် ထမ်မိုးခမ်းစခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ Post navigation Source link