ylliX - Online Advertising Network

နောင်တရားမြို့ရှိ စစ်ဘေးရှောင် ၃ ထောင် ဝန်းကျင် အတွက် စောင် နှင့် အနွေးအထည်များ လိုအပ်

သျှမ်းပြည် ပင်လောင်းမြိုနယ် နောင်တရားမြို့တွင် ကျန်ရှိနေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်အတွက် စောင် နှင့် အနွေးအထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲများကြောင့် နောင်တရားမြို့ အမျိုးသား တပေါင်းကွင်း နှင့် မြို့မဈေးသစ်တွင် လာရောက် တိမ်းရှောင် နေထိုင်နေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင် အတွက် စောင် နှင့် အနွေးထည်များလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဆောင်းရာသီရောက်တော့ အခုက သက်ကြီးပိုင်း လူတွေအတွက်ကတော့ စောင်တွေလိုအပ်နေတာ။စောင်နဲ့ အနွေးထည်ကတော့ လှူတဲ့အဖွဲ့အစည်းက မရှိသလောက်ပါပဲ။ဆောင်းရာသီရောက်နေတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက်က အလှူရှင်ရှိဖို့တော့ မျှော်လင့်ပါတယ်။ကျန်နေတာက သက်ကြီးပိုင်းနဲ့ကလေးတွေက ပိုများတယ်လေ။”ဟု စစ်ဘေးရှောင်ကူညီသူအမျိုးသားတစ်ဦးက ပြောသည်။ စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်ထဲတွင် အမျိုးသမီး၊ ကလေးနှင့် သက်ကြီးပိုင်း ပိုများသည့်အတွက် […]

စစ်မှုမထမ်းရရေး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံတွင် စစ်တပ်က စောင့်ဖမ်း၊ ဘားအံမှ လူငယ် ၁၀၀ ဝန်းကျင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်း အပို့ခံရ – Khit Thit Media

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ထိုင်းနိုင်ငံသို့ အောက်လမ်းမှတစ်ဆင့် သွားရောက်ပြီး စစ်မှုမထမ်းရရေး တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံမြို့နယ်အတွင်းတွင် စစ်တပ်က စောင့်ဆိုင်း ဖမ်းဆီးမှုများရှိနေကြောင်း ဒေသသတင်းရင်းမြစ် Hpa-an Newsက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုဒီဇင်ဘာလအတွင်း စစ်တပ်က ဘားအံမြို့နယ်၊ သံလွင်တံတားတွင် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ်အတွင်း အမျိုးသား လူငယ်များကို အထူးတင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ ဘားအံ-လှိုင်းဘွဲ့လမ်း၊ ထီလုံဒေသတွင်လည်း စစ်တပ်က ဂိတ်ချ၍ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မည့် လူငယ်များကို ဖမ်းဆီး၍ စစ်တပ်ထဲသို့ ပို့ဆောင်မှုများရှိနေကြာင်း သိရှိရသည်။ “ထိုင်းနဲ့ နယ်စပ်ဖက်သွားမယ့် သူတွေကို ပိတ်ဖမ်းပြီး သင်တန်းပို့လိုက်တာမျိုး စစ်တပ်က လုပ်နေတယ်။ အဓိက သူတို့ ပိတ်ဖမ်းတာကလေ သံလွင်တံတားနဲ့ […]

တန်ဆောင်တိုင်ပွဲ‌တော် ငှားရမ်းမည့်ဆိုင်ခန်းများ ကျပ်သိန်း ၂၀ ဝန်းကျင် ထိပေါက်ဈေးရှိ

သျှမ်းပြည် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲ‌တော်အတွက် ငှားရမ်းမည့်ဆိုင်ခန်းများသည် မြန်မာငွေ ကျပ် သိန်း ၂၀ ဝန်းကျင် ထိ ရှိနေကြောင်း သတင်းရရှိသည်။ နိုင်ငံရေးအခြေနေရှုပ်ထွေးနေ့သည့်ကြားမှ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုအဝေရာ မီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်ပွဲတော်အတွက် ဆိုင်ခန်းများ ဆောက်လုပ်နေကြပြီး ငှားရမ်းမည့် ဆိုင်းခန်းများသည် မြန်မာငွေကျပ် ၄ သိန်းစ၍ သိန်း ၂၀ ဝန်းကျင် အထိ ပေါက်ဈေးရှိနေကြောင်း အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဆိုင်ခန်းတွေက နေရာတွေပေါ်မူတည်ပြီးတော့ ဈေးတွေက ကွဲကြတယ်။ အပြင်နည်းနည်း ဝေးတဲ့ နေရာတွေ ဆိုရင် ဆိုင်ခန်း […]