ylliX - Online Advertising Network

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာ စားပွဲတက်ရောက်

စစ်တွေ၊ ဒီဇင်ဘာ ၇ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာ စားပွဲသို့ တက်ရောက်ကြသည်။ ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးသို့သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အလေအလွင့်ဆုံးရှုံးမှုများ မရှိစေရန်နှင့် စနစ်တကျစည်းကမ်းရှိရှိ ဆောင်ရွက်နိုင်ရန်အရေးကြီးကြောင်း၊ နောက်ဆုံးတွင် စာရင်း စစ်ဆေးခံနိုင်အောင် လုပ်ဆောင်ရကြောင်း၊ ထို့ကြောင့် စာရင်းစစ်ဌာနသည်အရေးကြီးကြောင်း၊ ဌာနတိုင်း ဌာနတိုင်းသည် ဆက်စပ်နေသည့်အတွက် အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့်ရုံးစာရွက် စာတမ်းများလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းများကိုလည်း ဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် […]

လူအများ၏ အသက်ကိုကယ်ဆယ်နိုင်ရေးအတွက် MPT ဝန်ထမ်းများနှင့် စေတနာ သွေးလှူရှင်များက (၁၄) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်းကို ဆောင်ရွက်

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ ပါဝင်သော (၁၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် အသီးသီး အောင်မြင်စွာ ကျင်းပ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။  အဆိုပါ စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုတွင် စေတနာသွေးလှူရှင် စုစုပေါင်း (၂၁၀) ဦးပါဝင်လှူဒါန်းခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် အမျိုးသားသွေးဌာနများရှိ  အရေးပေါ် သွေးလိုအပ်ချက် ရှိသူများအတွက် အထောက်အပံ့ပြုလှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုလို စုပေါင်းသွေးလှူဒါန်းမှုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ MPT သည် များစွာသော သွေးလှူဒါန်းခြင်းလှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ခဲ့ပြီး စေတနာသွေးလှူရှင်ပေါင်း (၈,၆၀၀) ကျော်က သွေးအိတ်ပေါင်း (၈,၀၀၀) ကျော်ကို လှူဒါန်းနိုင်ခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုများသည် နိုင်ငံအနှံ့ အရေးပေါ် သွေးသွင်းကုသမှု […]