လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၂၄) ရက်နေ့၊ (၁၂း၅၀)အချိန်တွင် ပြည်ထောင်စုနယ် မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၂)ရပ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သော လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-) ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၄၇၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံး(၃)ပုံး၊ အိမ်ထောင်စု (၃)စုစာတို့အား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အတူ (၂၁-၁၂-၂၀၂၄) ရက်နေ့၊ (၁၁း၀၀)နာရီတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_dec_2024 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link
(၁၈-၁၂-၂၀၂၄ ရက်၊ ဆိုးလ်) ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ဆိုးလ်မြို့ရှိ Lotte Hotel ၌ ကျင်းပသည့် “အာဆီယံ-ကိုရီးယား အကြံပေးအဖွဲ့ဝင်များ စားပွဲဝိုင်းဆွေးနွေးပွဲ (ASEAN-ROK Think Tank Dialogue Roundtable) ” သို့ ပါဝင်တက်ရောက် ကာ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ကုန်သွယ်မှုကိစ္စနှင့် အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေး ဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုမှုကိစ္စတို့ကို အလေးပေးထည့်သွင်းပြောကြားခဲ့ပါသည်။ ASEAN-ROK Think Tank Dialogue Roundtable ကို ကိုရီးယားသမ္မတနိုင်ငံရှိ ကုန်သွယ် ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန (Ministry of Trade, Industry and Energy- MOTIE) က အိမ်ရှင် အဖြစ်လက်ခံ၍ […]
(၁၆-၁၂-၂၀၂၄ ရက်၊ တိုကျို) ဂျပန်နိုင်ငံ၊ နာဂိုယာမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှ ကြီးမှူး၍ “မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဖိုရမ်” ကို ၁၃-၁၂-၂၀၂၄ ရက် (သောကြာနေ့) တွင် နာဂိုယာမြို့ရှိ Nagoya Chamber of Commerce and Industry ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖိုရမ်သို့ မြန်မာသံရုံး၊ တိုကျိုမြို့မှ သံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့ပါသည်။ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်မှု အခက် အခဲကို ဖြေရှင်းနိုင်ရန် ပြည်ပမှလူ့စွမ်းအားအရင်းအမြစ်များ လက်ခံနိုင်ရေးကို အလေးထား စဉ်းစားလျက် မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများ ခေါ်ယူနိုင်ရေး အခြေအနေများနှင့် သိရှိ လိုသည်များကို မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍ အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်ပါသည်။ ဖိုရမ်သို့ Aichi ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Hideaki […]
တရားမဝင်ကုန်သွယ်မှုနှင့် သူ၏ ဆိုးကျိုးများ moiuser Sun, 12/15/2024 – 09:51 Source link
(၁၂-၁၂-၂၀၂၄ ရက်၊ စင်ကာပူ) စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံသံရုံးများ၏ ၂၀၂၄ ခုနှစ် အာဆီယံဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေပွဲ (ASEAN Gala Night 2024) အား စင်ကာပူမြို့ လာအိုနိုင်ငံသံရုံးကကြီးမှူး၍ ၁၀-၁၂-၂၀၂၄ ရက်တွင် စင်ကာပူမြို့ Orchard Hotel ၌ကျင်းပခဲ့ရာ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပါဝင်တက်ရောက်ခဲ့ပါသည်။ ASEAN Gala Night 2024 အခမ်းအနားသို့ စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် H.E. Mr. Albert Chua နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ စင်ကာပူမြို့အခြေစိုက် အာဆီယံသံရုံးများနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင်တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာသံရုံးအပါအဝင် အာဆီယံသံရုံးများမှ သက်ဆိုင်ရာနိုင်ငံ များ၏ ရိုးရာယဉ်ကျေးမှု လက်မှုပစ္စည်းများကို ခင်းကျင်းပြသခြင်း၊ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ […]
(၁၀-၁၂-၂၀၂၄ ရက်၊ တိုကျို) အီကေဘားနားနိုင်ငံတကာအဖွဲ့အစည်းမှ ကြီးမှူး၍ တိုကျိုမြို့အခြေစိုက် အီကေ ဘားနား နိုင်ငံတကာပြပွဲ ၂၀၂၄ (IKEBANA International Fair 2024) အား ၁၀-၁၂-၂၀၂၄ ရက် (အင်္ဂါနေ့) တွင် တိုကျိုမြို့ရှိ Royal Park Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ မြန်မာ့ရိုးရာလက်မှုပစ္စည်းများအား ပါဝင်ခင်းကျင်း ပြသရောင်းချခဲ့ပါသည်။ အဆိုပါဈေးရောင်းပွဲသည် အီကေဘားနားနိုင်ငံတကာအဖွဲ့အစည်း၏ ဂုဏ်ထူးဆောင် နာယကလည်းဖြစ်သော ဂျပန်တော်ဝင်မိသားစုဝင် မင်းသမီး Takamado ၏ကြီးကြပ်မှုဖြင့် ကျင်းပသည့် ပွဲဖြစ်ပါသည်။ အဆိုပါ IKEBANA International Fair 2024 သို့ ဂျပန်ဝန်ကြီးချုပ်၏ဇနီး Mrs. Yoshiko Ishiba ၊ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ်၏ဇနီး Mrs. Yuko […]
ပကတိဘောလုံးဂိမ်းများသည် လက်တွေ့ဘဝဆုလာဘ်များနှင့် ပေါင်းစည်းထားသည့် အွန်လိုင်းဂိမ်းကစားခြင်းနယ်ပယ်တွင် အခွင့်အလမ်းသစ်တစ်ခု ထွက်ပေါ်လာပြီ ဖြစ်သည်။ ပိုမိုကျယ်ပြန့်သော ပရိသတ်များထံ ဝင်ရောက်နိုင်စေရန် ဒီဇိုင်းထုတ်ထားသည့် Kpay နင့် ထုတ်လို့ရတဲ့ ဘောလုံးဂိမ်းကို စီစဉ်ထားပါသည်။ ဤဆန်းသစ်သောချဉ်းကပ်မှုသည် ဂိမ်းကစားခြင်းအတွေ့အကြုံကို တော်လှန်ရန် ရည်ရွယ်ပြီး ကစားသမားများအား လက်တွေ့ကမ္ဘာတန်ဖိုးများရရှိနေချိန်တွင် စိတ်လှုပ်ရှားဖွယ်ဘောလုံးပွဲများတွင် ပါဝင်ကစားနိုင်သည့်အခွင့်အရေးကို ပေးဆောင်ရန် ရည်ရွယ်သည်။ Kpay နင့် ကစားလို့ရတဲ့ ဘောလုံးဂိမ်း Kpay နှင့် ချောမွေ့စွာ ပေါင်းစပ်ထားသော ကျွန်ုပ်တို့၏ အမိုက်စား အွန်လိုင်းဘောလုံးဂိမ်းဖြင့် သင့်ဂိမ်းအတွေ့အကြုံကို မြှင့်တင်နိုင်ပါသည်။ ဂိမ်းအတွင်း ငွေကြေးရယူရန် သင့်ကိုယ်သင် စိတ်လှုပ်ရှားဖွယ်ရာ ကွင်းထဲတွင် နှစ်မြှုပ်နိုင်ပြီး လူကြိုက်များသော ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ဖြစ်သည့် Kpay မှတစ်ဆင့် တကယ့်ငွေကြေးကို အလွယ်တကူ အစစ်အမှန်ကမ္ဘာတန်ဖိုးအဖြစ်သို့ ပြောင်းလဲနိုင်သည်။ စိတ်လှုပ်ရှားဖွယ်ရာ ကစားရန် […]
(၂၂-၁၁-၂၀၂၄ ရက်၊ နန်နင်းမြို့) ၂၂-၁၁-၂၀၂၄ ရက်တွင် ဟူနန်ပြည်နယ်၊ ယုံကျိုးမြို့ International Agricultural Products Trading Center ၌ ကျင်းပခဲ့သည့် The 2024 ASEAN–Hunan (Yongzhou) Famous and High-quality Products Trade Fair သို့ နန်နင်းမြို့မှ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါကုန်စည်ပြပွဲကို ယုံကျိုးမြို့နယ်အစိုးရနှင့် ဟူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ် ရေးဦးစီးဌာနတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဟူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကုန်စည်ပြပွဲသည် စုစုပေါင်းဧရိယာ (၃၀၀၀၀) စတုရန်းမီတာခန့် ကျယ်ဝန်းပြီး တရုတ်နှင့် အာဆီယံနိုင်ငံများဖြစ်သည့် လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ […]
(၂၂-၁၁-၂၀၂၄ ရက်၊ ပေကျင်း) တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ASEAN-China Center (ACC) မှ ကြီးမှူး၍ ဟဲနန်ပြည်နယ်၊ ကျန်းကျိုးမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပူးတွဲ အလုပ် အမှုဆောင်အဖွဲ့အစည်းအဝေး 2024 JEB Meeting သို့ ပါဝင်တက်ရောက်ခဲ့ပြီး၊ ယင်းနှင့်ဆက်စပ် ကျင်းပခဲ့သည့် ASEAN – Henan Cooperation Conference on Food and Agriculture အခမ်းအနားများသို့လည်း ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေးအတွင်း အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များက အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် […]
နေပြည်တော်၊ နိုဝင်ဘာ ၂၂ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အင်ဂျင်နီယာပညာရှင်ကြီးများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန […]