ရန်နိုင် ( အား/ ကာ) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်ကိုလည်း ချမှတ်ထားပါသည်။ လူတိုင်းသည် အသက်ရှည်ပြီး ကျန်းမာလိုသည့်ဆန္ဒရှိကြသည်။ ကျန်းမာမှ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်းကိစ္စရပ်များအပြင် လူမှုရေးကိစ္စရပ်များကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ကလေးသူငယ်မှအစ သက်ကြီးရွယ်အိုများအထိ ကျန်းမာရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ရန် ဖန်တီးပေးကြရမည်ဖြစ်သည်။ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍတွင် မြှင့်တင်ဆောင်ရွက်သင့် ကျန်းမာခြင်းသည် လူသားတိုင်းအတွက် အဖိုးထိုက်တန်သည့် လာဘ်ကြီးတစ်ပါး ဖြစ်ပါသည်။ “ကျန်းမာခြင်း” လာဘ်ကို ရယူနိုင်ရေးအတွက် ကျန်းမာစေသည့် အနေအထိုင်၊ အစားအသောက်အလေ့အကျင့်၊ အပြုအမူများကို ဂရုတစိုက် လိုက်နာကျင့်ကြံပြီး […]
ဧရာမောင် (ယမန်နေ့မှအဆက်) နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရန် အလားအလာရှိ အားကစားနည်းများ ဦးစားပေးအဆင့် သတ်မှတ်သင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးအတွက် အောင်မြင်မှုအစဉ်အလာရှိသော အားကစားနည်းများကို ပထမဦးစားပေးသတ်မှတ်၍လည်းကောင်း၊ အောင်မြင်ရန် အလားအလာရှိသော အားကစားနည်းများကို ဒုတိယဦးစားပေးအဆင့် သတ်မှတ်၍လည်းကောင်း၊ အောင်မြင်မှုအလားအလာ နည်းပါးသော်လည်း အိုလံပစ်အားကစားနည်းဖြစ်ခြင်း၊ ယှဉ်ပြိုင်မှုမှတစ်ဆင့် လူသားဆန်သောအတွေးအခေါ်အယူအဆ ပေါင်းသင်းဆက်ဆံမှု မြင့်မားစေပြီး ဗလငါးတန်ဖွံ့ဖြိုးစေသည့် အားကစားနည်းများကို တတိယဦးစားပေးသတ်မှတ်၍လည်းကောင်း၊ ရေတို၊ ရေရှည်စီမံကိန်းထားရှိဆောင်ရွက်သင့်ပါသည်။ အောင်မြင်မှုအစဉ်အလာရှိသော အားကစားနည်းများကို သက်ဆိုင်ရာအားကစားအဖွဲ့ချုပ် (သို့) နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်စေမည်ဆိုပါက အရည်အသွေးပြည့်မီသည့် နိုင်ငံခြားသားနည်းပြများနှင့် အတွေ့အကြုံရှိသည့် ပြည်တွင်းနည်းပြများ ပူးတွဲတာဝန်ပေးအပ်၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်စေသင့်ပါသည်။ ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များ၏ တာဝန်ရှိသူများကိုလည်း မကြာခဏ စစ်ဆေးဆောင်ရွက်စေသင့်ပါသည်။ အားကစားသိပ္ပံများတွင် အစဉ်အလာရှိ အိုလံပစ်အားကစားနည်းများ ဦးစားပေးလေ့ကျင့် အားကစားနည်းအလိုက် […]