ylliX - Online Advertising Network

တရုတ်အာဏာပိုင် ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များ သွင်းကုန်ပိတ်ထားဆဲ – သျှမ်းသံတော်ဆင့်

တရုတ်အာဏာပိုင်များသည် စစ်ကောင်စီဘက်ကို ပေါ်ပေါ်ထင်ထင် ရပ်တည်ပြီးနောက် ညီနောင်မဟာမိတ်တပ် ထိန်းချုပ်သည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင် သွင်းကုန်များ ပိတ်ထားနေဆဲဟု စုံစမ်းသိရသည်။ မြန်မာ-တရုတ်နယ်စပ်တလျှောက် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များတွင် တရုတ်ဘက်သို့ ကြံနှင့် ပြောင်းကဲ့သို့ ကုန်ကြမ်းသီးနှံများသာ တင်ပို့နိုင်ပြီး စားသောက်ကုန်များကို ပြန်လည်တင်သွင်းခွင့် မရှိဘဲ ပိတ်ထားနေသေးကြောင်း ဒေသခံများပြောပြချက် အရသိရသည်။ နိုဝင်ဘာလ တတိယပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက် ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ကျင်းစန်းကျော့ဂိတ်၊ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် ပန်ဆိုင်းဂိတ်နှင့် ချင်းရွှေဟော်ဂိတ်တို့တွင် ကြံနှင့် ပြောင်းကဲ့သို့ ကုန်ကြမ်းသီးနှံများ တင်ပို့နိုင်ရန်သာ တရုတ်ဘက်မှ ဖွင့်လှစ်ပေးခဲ့သည်။ “ပန်ဆိုင်း ကျင်စန်းကျော့က ကြံနဲ့ ပြောင်းတင်ဖို့ ဖွင့်ပေးနေပြီ။ ဒီဘက်ကို ဘာမှတော့ သယ်ထုတ်လို့ မရဘူး။ ပြောင်းကား […]