ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံ သင်တန်းကျောင်းများတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာ ခံယူခဲ့ကြကြောင်း သိရသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် ထူးချွန်ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကားများပြောကြားခဲ့ကြကြောင်း သိရသည်။ သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) မှ သင်တန်းဆင်း စစ်သည်များ အား တွေ့ဆုံအမှာစကားပြောကြားကာ လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ […]
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ နေပြည်တော် ၊ ဒီဇင်ဘာ- ၂၃ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ရှိ ပြည်ထောင်စု ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ […]
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ခမရ-၂၉၉ တပ်ရင်းမှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Ramonya Guerrilla Force အဖွဲ့ထံက သိရပါတယ်။အလင်းဝင်လာတဲ့ ခမရ-၂၉၉ တပ်ရင်းမှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သား စောစိုးထက်အေးဟာ ရေးမြို့မြောက်ပိုင်းတပ်ခွဲ ရာမညပြောက်ကျားတပ်ဖွဲ့ (RGF) ထံသို့ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြည်သူ့စစ် သင်တန်းဆင်း တပ်သားစောစိုးထက်အေးဟာ MA-11 သေနတ် ၁ လက်၊ ကျည်တောင့် ၁၂၀ ၊ ကျည်ဘောက် ၃ ခု၊အီနာဂါ ဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၁ လုံး၊ ကျည်ကာအင်္ကျီ […]
ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၂၄ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dragon Brothers (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါင်းလူးရွာအနီးတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး […]
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အထူးတိုက်ခိုက်ရေး စစ်သင်တန်းနဲ့ အမျိုးသမီးများ အခြေခံစစ်သင်တန်းကို ထိန်းချုပ်နယ်မြေ တစ်နေရာမှာ သင်တန်းသား/သူ ၁၂၀၀ နဲ့ ဒီတစ်ပတ်ထဲ သင်တန်းဆင်းပေးခဲ့တယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ TNLA က သိမ်းပိုက်ရရှိထားတဲ့ မြို့ ၁၂ မြို့ ကို ကာကွယ်စောင့်ရှောက်သွားဖို့အတွက် နိုဝင်ဘာ ၉ ရက်နေ့နဲ့ ၁၁ ရက်နေ့ နံနက်ပိုင်းတွေမှာ အထူးတိုက်ခိုက်ရေး စစ်သင်တန်းနဲ့ အမျိုးသမီးအခြေခံ စစ်သင်တန်းတွေကို စစ်သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။ သင်တန်းကာလ သုံးလကျော် သင်ကြားပေးခဲ့တဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းကို စစ်ဆင်ရေးနဲ့ ရှေ့တန်းမှာ တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိဖို့ အဓိက သင်ကြားပေးခဲ့တာဖြစ်ပြီး အမှတ်စဉ် နှစ်ခု ဖွင့်လှစ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ […]