စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းပိုင်းရှိ ညောင်ဖြူပင်ရဲစခန်းကို တိုက်ခိုက်ခဲ့တာ စစ်သည် ၅ ဦးဒဏ်ရာရတယ်လို့ မြေလတ်အသံမှ သတင်းအမှားရေးသားထားပါတယ်။ ဖြစ်စဉ်အမှန်>>>>> ဒီဇင်ဘာလ ၂၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာခရီုင်၊ မုံရွာ-အမြင့်လမ်းရှိ ညောင်ဖြူပင်ရဲစခန်းအား PDF များမှ ချောင်းမြောင်းပစ်ခတ်၍ထွက်ပြေးသွားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိခဲ့ကြောင်း ဒေသအတွင်းသတင်းများအရသိရှိရသည်။ -မြေလတ်အသံမှ ဖြစ်စဉ်အမှန်မရေးဘဲ ပုံကြီးချဲ့အမြတ်ထုတ်ပြီး စစ်သည် ၅ ဦး သေတယ်လို့ အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။ Source link
ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ဒေါနတောင်ခြေတွင် တပ်မတော်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ၄ ဦးအရှင်ဖမ်းမိတယ်လို့ ဗြောင်လိမ်ေရးသားထားပါတယ်။ဖြစ်စဉ်အမှန်မှာ>>>>> ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တပ်မတော်ရဲ့ အောင်ဇေယျစစ်ကြောင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေအနီး တွင် PDF များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံးရေးတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဖမ်းဆီးခံရခြင်းမရှိကြောင်း ဒေသအတွင်းသတင်းများအရသိရှိရ ပါတယ်။ -Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ စစ်သည် ၂ ဦးသေတယ်၊ ၄ ဦးအရှင်ဖမ်းမိတယ်လို့ အောက်တန်းကျစွာဖြင့် အများအထင်လွဲမှားအောင် ဗြောင်လိမ်ရေးသားထားခြင်းဖြစ်ပါတယ်။ Source link