ylliX - Online Advertising Network

ငါန်းဇွန်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် အမျိုးသမီးသမီးကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်

ငါန်းဇွန်း၊ ဒီဇင်ဘာ ၂၀ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့အနောက်ဘက် ၂မိုင်ခန့်အကွာရှိ ဆပ်ပြာကျင်းကျေးရွာအတွင်းသို့ ၁၉-၁၂-၂၀၂၄ ရက်နေ့ ၁၃း၃၀ အချိန်ခန့်တွင် PDF အကြမ်းဖက်သမားအင်အား ၇၀ဦးခန့်သည် ဆိုင်ကယ်များ၊Light truck မော် တော်ယာဉ်များဖြင့် ဝင်ရောက်လာပြီး ငါန်းဇွန်မှဆပ်ပြာကျင်းရွာသို့ ခေတ္တခွင့်ဖြင့်ပြန်သွားသည့် ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ဦးကြည်သောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးပေ၏ဇနီးဖြစ်သူ ဒေါ်ယမင်းသူတို့အား PDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ဦးကြည်သောင်းတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၂ချက်၊ ဒေါ်ယမင်းသူတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၁ချက်၊ ယာ-လက် ဖောက်ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။] PDF အကြမ်းဖက်သမားများသည် ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ဦးထွန်းပိုင်၏ဇနီးဖြစ်သူ ဒေါ်မော် နှင့် သားဖြစ်သူ မောင်အောင်မျိုးဇော် တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာအတွင်းရှိ […]

ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာအနီးရှိ မေရီမြင့် စက်သုံးဆီအရောင်းဆိုင်တွင် ပိုင်ရှင် အမျိုးသမီးနှင့် ဝန်ထမ်း ၁ဦးကို PDF အကြမ်းဖက်သမားများ က ရက်စက်စွာ သတ်ဖြတ်

ညောင်ဦး၊ ဒီဇင်ဘာ ၈ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာအနီးရှိ မေရီမြင့် စက်သုံးဆီအရောင်းဆိုင်တွင် ပိုင်ရှင်ဖြစ်သူ ဒေါ်ရီရီမြင့်နှင့် ဝန်ထမ်းအမျိုးသမီး ၁ဦး ကို ၈-၁၂-၂၀၂၄ ရက်နေ့ ၀၉:၄၅ အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများ က ရက်စက်စွာ သတ်ဖြတ်သွားကြောင်း သိရသည်။ ဒေါ်ရီရီမြင့်နှင့် အဖော်ဖြစ်သူ ဒေါ်ချောစု စက်သုံးဆီအရောင်းဆိုင်တွင် ရှိနေစဉ်  PDF အကြမ်းဖက်သမား ၇ဦး စက်သုံးဆီဆိုင် တောင်ဘက်မှ ရောက်ရှိလာပြီး ဒေါ်ရီရီမြင့်နှင့်ဆိုင်အကူ ဒေါ်ချောစုတို့အား လက်နက်ငယ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ ဒေါ်ရီရီမြင့်တွင် ဦးခေါင်းနောက်စေ့ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဒေါ်ချောစုတွင် ဦး ခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၁ချက်၊ယာ-မေးရိုးဖောက်ဝင် ဒဏ် ရာ ၁ချက်တို့ အသီးသီးရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost […]

အုတ်ဖို၊ ရိုးမအစပ်တွင် ကင်းထောက် PDF ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး မျက်စိ ၂ လုံးကို ဖောက်ထုတ်ကာ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုနှက် သတ်ဖြတ် – Khit Thit Media

အုတ်ဖို၊ ရိုးမအစပ်တွင် ကင်းထောက် PDF ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး မျက်စိ ၂ လုံးကို ဖောက်ထုတ်ကာ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုနှက် သတ်ဖြတ် ရန်ကုန်၊ ဒီဇင်ဘာလ ၇ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရိုးမအစပ်တွင် စစ်ကြောင်း လှုပ်ရှားမှုကို စောင့်ကြည့်နေသည့် PDF ရဲဘော် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး မျက်စိ ၂ လုံးကို ဖောက်ထုတ်၍ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုကာ ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ၅ ကြို့ပင်ကောက်Heroပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ […]

တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်

မန္တလေး၊ နိုဝင်ဘာ ၄ ငါန်းဇွန်မြို့နယ်၊ စီကောင်းကျေးရွာဘက်မှ PDF အကြမ်းဖက်သမားများသည် ၂-၁၀-၂၀၂၄ ရက်နေ့ ၂၁:၃၀ အချိန်ခန့်တွင် ဆိုင်ကယ်များဖြင့် တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးနွယ်နှင့် ဦးကျော်ဦး (ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင်) တို့ကို ရက်စက်စွာ သတ်ဖြတ်သွားကြောင်း သိရသည်။ PDF အကြမ်းဖက်သမားများသည်  ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမိုးနွယ် နေအိမ်ရှေ့သို့ ရောက်ရှိပြီး ဦးမိုးနွယ်၏ အမည်ကိုခေါ်ခဲ့ရာ ဦးမိုးနွယ်မှ အကြမ်းဖက်သမားများဖြစ်ကြောင်း သိရှိသဖြင့် နေအိမ်ခြံဝိုင်းအတွင်းမှ ထွက်ပြေးစဉ် အကြမ်းဖက်သမားများက ဝိုင်းဝန်းဖမ်းဆီးပြီး နေအိမ်ရှေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးမိုးနွယ်တွင် ယာဘက် ရင်ဘတ် ဖောက်ဝင်ဒဏ်ရာ ၃ချက်၊ ယာဘက်ပါးနှင့်မေးစေ့အနီး ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ဦးခေါင်းနောက်စေ့ ဝဲ/ယာ ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၂ချက်၊ဝဲဘက်ကျော ဖောက်ထွက်ဒဏ်ရာ ၂ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် […]

ထွေ/အုပ်စာရေးတစ်ဦးအား PDF အကြမ်းဖက်အဖွဲ့က အကြောင်းမဲ့ သတ်ဖြတ် သွား

ရွှေတောင်၊ အောက်တိုဘာ  ၂၈ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းအုပ်စု အငယ်တန်းထွေ/အုပ်စာရေးအား ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်က PDF အကြမ်းဖက် အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။ ယင်းမူကုန်းအုပ်စု ထွေ/အုပ်စာရေး ဦးအေးမင်းနိုင် အား မမဲကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး၊ သေဆုံးသူ ဦးအေးမင်းနိုင် အား ဖုန်းဆက်၍ခေါ်သဖြင့် ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၎င်း၏ဖုန်းကိုလည်း PDF အကြမ်းဖက်အဖွဲ့မှ ယူဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ Join – https://t.me/MyanmarNationalPost Source link