ရန်ကုန်၊ ဇန်နဝါရီ ၁၇ ဆေးသုတေသနဦးစီးဌာန သုတေသီများ၊ မြန်မာနိုင်ငံအမျိုးသား တီဘီတိုက်ဖျက်ရေးစီမံကိန်းမှ ပညာရှင်များသည် ကိုရီးယားသမ္မတနိုင်ငံမှ ပညာရှင်များနှင့်ပူးပေါင်း၍ ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါးတီဘီမျိုးဗီဇ ဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာများကို အဆင်မြင့်မော်လီကျူး သုတေသနဌာန၌ စာတွေ့လက်တွေ့ သင်ကြားပြသ ပေးကြသည်။ အဆိုပါသင်တန်းကို (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံအကြို လှုပ်ရှားမှုအနေဖြင့် ဆေးသုတေသနဦးစီးဌာန သုတေသီများနှင့် မြန်မာနိုင်ငံ အမျိုးသားတီဘီ တိုက်ဖျက်ရေးစီမံကိန်းမှ ပညာရှင်များသည် ကိုရီးယားသမ္မတနိုင်ငံမှ ပညာရှင်များဖြစ်သော Dr. Jong Seok Lee, Senior Scientist, International Tuberculosis Research Center ၊ Prof. Jaehun Cheong, Professor/Head, Pusan National University ၊ […]
ရတနာ (သုတေသီ) ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး၍ “သုတေသနညီလာခံများ အစဉ်အလာမပျက် ကျင်းပခြင်းအားဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားလာစေရန်” နှင့် “သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချ မည့်ကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်” စသည့်ရည်ရွယ်ချက်များဖြင့် “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) တွင် ကျင်းပမည်ဖြစ်ပါသည်။ မြန်မာ့သုတေသီများ၏ ကျန်းမာရေးသုတေသနလုပ်ငန်းများမှ တွေ့ရှိချက်ရလဒ်များကို သုတေသနစာတမ်းများဖြင့် ဖတ်ကြားတင်သွင်းခြင်း၊ ပိုစတာများ ပြသခြင်းတို့ဖြင့် ညီလာခံကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပ ၁၉၆၅ ခုနှစ်မှစ၍ ပထမအကြိမ် ညီလာခံကြီးကို စတင်ကျင်းပခဲ့ရာ သမိုင်းကြောင်းကို လေ့လာကြည့်ပါက […]