ylliX - Online Advertising Network

PDF တွေထိန်းချုပ်ထားတဲ့ သပိတ်ကျင်း၊ ချောင်းကြီးရွာကို စစ်ကောင်စီလေကြောင်းကနေတိုက်ခိုက် ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံနှစ်ဦးသေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ရွာကြီးဖြစ်တဲ့ ချောင်းကြီးကျေးရွာကို ယမန်နေ့ ဇန်နဝါရီ ၂ ရက် ည ၈ နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံနှစ်ဦးသေဆုံးခဲ့တယ်လို့ အဲဒီကကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။   အဲဒီကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လကတည်းကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဗုံးလာကြဲတာဖြစ်တယ်လို့ သပိတ်ကျင်းမြို့နယ် တိုက်နယ်ပကဖ တာ၀န်ခံ ဇီးရိုး၀မ်း(01)က CJ Platform ကို ပြောပါတယ်။   အခုလို ဗုံးကြဲမှုကြောင့် ချောင်းကြီးကျေးရွာ ဒေသခံ အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၅၀ ခန့်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တဲ့အပြင် ဒေသခံ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အနက် ၁၆ ဦးကတော့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ […]

စစ်ရေးအခြေအနေတွေကြောင့် “မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း” လမ်းပိုင်းကို MDY PDF ယာယီပိတ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ထိန်းချုပ်စိုးမိုးရာ ဒေသဖြစ်တဲ့ “မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း” လမ်းပိုင်းကို လတ်တလော စစ်ရေးအခြေအနေများကြောင့် ယာယီသွားလာမှုများကို နိုဝင်ဘာ ၂၆ ရက်နေ့မှစတင်ပြီး ကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က ထုတ်ပြန်လိုက်ပါတယ်။ မန္တလေး PDF ထိန်းချုပ်စိုးမိုးဒေသတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ကုန်များ ပစ္စည်းများကို တင်သွင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနဲ့ အသုံးပြုခြင်းများကို တင်းတင်းကြပ်ကြပ်ပိတ်ပင်သွားမှာဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်မှုများကို စိစစ်တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ The post စစ်ရေးအခြေအနေတွေကြောင့် “မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း” လမ်းပိုင်းကို MDY PDF ယာယီပိတ် first appeared on Voice of Revolution Live News. Source link