မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ရွာကြီးဖြစ်တဲ့ ချောင်းကြီးကျေးရွာကို ယမန်နေ့ ဇန်နဝါရီ ၂ ရက် ည ၈ နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံနှစ်ဦးသေဆုံးခဲ့တယ်လို့ အဲဒီကကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ အဲဒီကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လကတည်းကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဗုံးလာကြဲတာဖြစ်တယ်လို့ သပိတ်ကျင်းမြို့နယ် တိုက်နယ်ပကဖ တာ၀န်ခံ ဇီးရိုး၀မ်း(01)က CJ Platform ကို ပြောပါတယ်။ အခုလို ဗုံးကြဲမှုကြောင့် ချောင်းကြီးကျေးရွာ ဒေသခံ အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၅၀ ခန့်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တဲ့အပြင် ဒေသခံ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အနက် ၁၆ ဦးကတော့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ […]