ylliX - Online Advertising Network

မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ကိုရီးယားနှင့် သဘောတူညီချက်စာလွှာ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ တီဘီသုတေသနဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ပထမနေ့ ဇန်နဝါရီ (၂၀)ရက်က ဆေးသုတေသနဦးစီးဌာန၊ အဆင့်မြင့်မော်လီကျူး သုတေသန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လက်မှတ်ရေးထိုးခြင်းကို ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ တီဘီသုတေသနဌာန (International Tuberculosis Research Center) တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာလက်မှတ်ရေးထိုးပွဲ (Letter of Intent Signing Ceremony) အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ စာလွှာလက်မှတ်ရေးထိုးနိုင်သည့်အတွက် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ သုတေသီများ၏ ပူးပေါင်းဆောင်ရွက်မှုများကို […]