ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ကုတင် ၃၀၀ စစ်ဆေးရုံကို AA သိမ်းလိုက်တာကြောင့် ဒဏ်ရာရ စစ်သားတွေကုသဖို့ ယာယီဆေးရုံလုပ်ထားတဲ့ အထက ၂ ကျောင်း ကိုလည်း ထပ်မံသိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ကာကင်းစခန်း ၂ခုကိုပါ AA က သိမ်းပိုက်ထားပြီလို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။အမ်းမြို့နယ်ရှိ ခုတင် ၃၀၀ ဆံ့စစ်ဆေးရုံ အသိမ်းခံရပြီးနောက် အထက ၂ ကျောင်းဝန်းအတွင်း ယာယီတပ်ဆေးရုံပြုလုပ်ကာ ခံစစ်ပြင်ထားတဲ့ ဆေးရုံကိုလည်း နိုဝင်ဘာ ၃၀ရက်နေ့က AA က သိမ်းယူခဲ့ပြီး စစ်ဆရာဝန်တွေလည်း ဖမ်းမိတယ်လို့ သိရပါတယ်။ဒါ့အပြင် နပခရဲ့ ကာကင်းတွေဖြစ်တဲ့ မြို့သစ် ဓာတ်ပေါင်းစုစစ်ဘေးရှောင်စခန်း၊ ဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်း၊ လေယာဉ်ကွင်း (မြို့ဟောင်း) စခန်းတို့ကို နိုဝင်ဘာ ၂၉ရက်နေ့က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။အဲ့ဒီတပ်တွေဟာ အမ်းမြို့ပေါ်ရှိ […]
ဗိုလ်နဂါးရဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BRNA)က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိတယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာဟာ ချဲ့ကားရေးသားထားတဲ့ သတင်းမှားတခုသာ ဖြစ်တယ်။ တကယ်တမ်းမှာ ဗိုလ်နဂါးဦးဆောင်တဲ့ BRNA တပ်ဖွဲ့က ပုလဲမြို့ကို အလုံးစုံ ထိန်းချုပ်ခါနီးမှာပဲ ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက် ဖြစ်တယ်။ “ဗိုလ်နဂါးလက်စွမ်းပြနေပြီ ပုလဲမြို့သိမ်းတိုက်ပွဲ တပ်သား ၅၀၀၀ လောက် ဖမ်းခံရပြီ AA ကလည်း ဝင်တိုက်နေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khitthit”အမည်နဲ့ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တပ်ကာ ဗွီဒီယိုကို ဖြန့်ချိပါတယ်။ […]