ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနမှတာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ဦးဆောင်ညွှန်ကြားရေးမှူးက ဒလသင်္ဘောကျင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဝန်ထမ်းများအတွက် ကျန်းမာရေးဆေးခန်းနှင့် ဝန်ထမ်းအိမ်ရာအသစ် တည်ဆောက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မှာကြားရာ၌ ဒလသင်္ဘောကျင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းလုပ်အားပေး ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားကြပြီး မီးဘေးအန္တရာယ် ကာကွယ်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးကိစ္စရပ်များ အထူးအလေးထားလိုက်နာ ဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်ရှိသည်များကို တာဝန်ရှိသူများအား အသေးစိတ်မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် […]
နေပြည်တော်၊ ဒီဇင်ဘာ ၆ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကန်တော်ကြီးဥယျာဉ်ရှင်းလင်းဆောင်ခန်းမ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး နှင့် ဥယျာဉ်တာဝန်ခံကုမ္ပဏီမှအမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးတို့က ကန်တော်ကြီးဥယျာဉ်အတွင်းရှိရေကန်များအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ ယခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဥယျာဉ်အတွင်း […]
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် ရန်ကုန်မြို့၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလုပ်ငန်း၊ ဗဟိုပုံနှိပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး moiuser5 Fri, 12/06/2024 – 19:49 iFrame is not supported! Source link
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွံတေးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ – ၃၀ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ တွံတေးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း အသားဖူလုံရေးအတွက် ဒေသနွားနှင့် နို့စားနွား၊ ဒေသကျွဲနှင့် နို့စားကျွဲ၊ ဝက်၊ ဆိတ်၊ […]
နေပြည်တော် နိုဝင်ဘာ ၂၃ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့်ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိတည်းခိုရေးစခန်း၌ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်ရန် ရောက်ရှိလာကြသည့် ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူများနှင့်နည်းပြများကို နွေးထွေးစွာကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် အားကစားနည်းပြများ တည်းခိုနေထိုင်ရန်နေရာချထားမှုနှင့် အသုံးအဆောင်ပစ္စည်းများထုတ်ပေး နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် နည်းပြများ တည်းခို နေထိုင်မည့်အဆောင်များနှင့်အိပ်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အားကစားသမားများ ကိုကျန်းမာရေးနှင့်ညီညွတ်မှုရှိအောင်တည်းခိုနေထိုင်နိုင်ရေးအထူးဂရုပြုဆောင်ရွက်ရန်၊ သောက်သုံး ရေနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိအောင် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်၊ အိပ်ဆောင်များ ပတ်ဝန်းကျင်တွင် ပိုင်ရှင်မဲ့ခွေးများကြောင့် တည်းခိုနေထိုင်သူများ အန္တရာယ်မဖြစ်စေရန် ထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်၍ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၃၀ ရက်၊ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က ယခု Naypyitaw State Polytechnic University သည် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အတွက် ပရိဝုဏ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် အခြားအထောက်အကူပြုအဆောင်များအားလုံး အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။ Related Source link
နေပြည်တော်၊ အောက်တိုဘာ ၃၀ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကောင်စီတွဲဖက်အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ Naypyitaw State Polytechnic University မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်နှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Polytechnic University ပရိဝုဏ်အတွင်းရှိ […]