ရခိုင်ပြည်နယ်မှာ အမ်း၊ မောင်တော၊ တောင်ကုတ်မြို့တွေကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော် AA က အပြင်းအထန်ထိုးစစ်ဆင်နေသလို ကချင်အထူးဒေသ ၁က နောက်ဆုံးကျန်နေတဲ့ ကန်ပိုင်တီမြို့ကို KIA က မနေ့က နိုဝင်ဘာ ၂၀ရက် မှာ ထိန်းချုပ်လိုက်စဉ်မှာပဲ ချင်းပြည်နယ် မှာလည်း မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာပါ။ချင်းညီနောင်စစ်ဆင်ရေး Operation CB ကို ချင်းပြည်နယ် မင်းတပ်မြို့နယ် ဖလမ်းမြို့တွေမှာ နိုဝင်ဘာ ၉ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ၁၀ရက်ကျော်လာချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ မင်းတပ်မြို့ရဲ့ ၆၀ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်စိုးမြိုးထားပြီး အသာစီးရနေပြီလို့ ဒေသတွင်း သတင်းအရင်းမြစ်တွေက ဖော်ပြပါတယ်။မင်းတပ်မြို့ဟာ ယောဒေသတဆင့် မကွေးတိုင်းနဲ့ ထိစပ်နေတာကြောင့် တော်လှန်ရေးတပ်တွေ မကွေးတိုင်းထဲ မဆင်းလာနိုင်ရေး စစ်ကောင်စီက လက်နက်ကြီးပစ်တာ လေကြောင်းတိုက်ခိုက်မှုတွေအပြင် နေအိမ်တွေကို မီးရှို့တာတွေလုပ်ဆောင်ပြီး […]
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅ ဦးနှင့်အတူ စစ်ကောင်စီတပ်သား စုစုပေါင်း ၆ ဦးဟာ လက်နက်နဲ့တကွ တော်လှန်ရေးဘက်ကို ဝင်ရောက်လာခဲ့ကြပါတယ်။ အဆိုပါတပ်သားသစ်များမှာ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ဖြိုးမင်းအောင်၊ ကရင်လေး၊ တပ်သား ရဲမင်းမောင်၊ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းများဖြစ်ကြ သည့် တပ်သား သန်းတိုးအောင် ၊ တပ်သား ဖြူးဖွေးတို့ဖြစ်ကြပြီး စစ်ကောင်စီ၏ရေတပ်မှတဦးကတော့ တပ်သားဝေဖြိုးဆိုသူ ဖြစ်ပါတယ်။ MA1 အမျိုး အစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ ကပစ ထုတ် ၅.၅၆ ကျည် ၁၆၁ တောင့် […]
နိုဝင်္ဘာလ ၁၅ ရက်နေ့ မနေ့က ညနေ ၄ နာရီခန့်မှာ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတခုကို ဗုံးကြဲချခဲ့ရာမှာ အထဲမှာ စစ်ဘေးရှာင်နေကြတဲ့ ကလေးငယ်အပါ ၉ ဦး သေဆုံးသွားကြပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားကြပါတယ်။ မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် တန်ဆောင်တိုင်နေ့ဖြစ်ပေမယ့် စစ်ကောင်စီဟာ လူသတ်ဗုံးကြဲမှုကိုတွေ တရက်မှ မရပ်ခဲ့ပါဘူး။ အဆိုပါကုန်းလောရွာ ခရစ်ယာန်ကျောင်း မှာလည်း စစ်ဘေးရှောင်များအတွက် ဆုတောင်းပွဲပြုလုပ်နေစဉ် ရည်ရွယ်ချက်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ရှောင်စခန်းရှိတဲ့နေရာဟာ မိုးမောက်မြို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ကြားမှာရှိတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ ကုန်းလောရွာဟာ ကေအိုင်အေက သိမ်းပိုက်ထားတဲ့မြို့ဖြစ်ပေမယ့် မြေပြင်မှာ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ အခုလိုတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ […]