ylliX - Online Advertising Network

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် ၂၉ ဇုန်နှင့် သီလဝါအထူးစီးပွားရေး ဇုန်တို့တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအပေါ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဆွေးနွေး

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံအမတ်ကြီး H.E. Ms. Ma Jia အား ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် ၂၉ ဇုန်နှင့် သီလဝါအထူးစီးပွားရေး ဇုန်တို့တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ဘာသာရေးနှင့် ယဉ်‌ကျေးမှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ လန်ချန်း – မဲခေါင် ကဏ္ဍ၊ ရန်ကုန် -ယူနန်ဆက်ဆံရေးကဏ္ဍ၊ တရုတ်-မြန်မာညီအစ်မမြို့တော်ထူထောင် ခြင်းကဏ္ဍများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ၊ ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ချစ်ကြည်ရေးထူထောင်သည့်     (၇၄)နှစ်မြောက်ဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် (၇၅)နှစ် မြောက် စိန်ရတုရောက်ရှိတော့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့ […]