အသက် ၉၀ အရွယ် အဘွားအိုဟာ သားသမီးတွေအတွက် ဆယ်စုနှစ်များစွာ စွန့်လွှတ်အနစ်နာခံပြီးနောက် ဘွဲ့ရယူချင်တဲ့ သူ့ရဲ့တစ်သက်တာအိပ်မက်ကို ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ အန်နက် ရိုဘာ့ဆိုတဲ့ အဲ့ဒီအဘွားအိုဟာ မကြာသေးခင်ကမှ Southern New Hampshire University ကနေ ဘွဲ့ရခဲ့ပါတယ်။ အခုလို သူ ဘွဲ့ရတာဟာ အိပ်မက်လိုပါပဲတဲ့။ အခုထိ အိပ်မက်ကမ္ဘာထဲမှာ ရှိနေသလိုပဲလို့ အန်နက်က ဆိုထားပါတယ်။ ကလေး ၅ ဦးမိခင်နဲ့ မြေး ၁၂ ဦးအဘွားဖြစ်တဲ့ အန်နက်ဟာ နိုဝင်ဘာ ၂၃ ရက်နေ့က သူ့ရဲ့ဒီပလိုမာဘွဲ့ကို စင်မြင့်ထက်မှာ တက်ယူခဲ့တာပါ။ အန်နက်ဟာ သူ့ခင်ပွန်းဖြစ်သူ အမေရိကန်စစ်တပ်မှာ အမှုထမ်းရင်း သေဆုံးသွားပြီးတဲ့နောက် မကြာမီ ၁၉၇၂ ခုနှစ်မှာ New Hampshire College ကို စတက်ခဲ့ပါတယ်။ […]
ရန်ကုန်၊နိုဝင်ဘာ ၂၆ နေပြည်တော် MICC 2 အဆောက်အအုံတွင် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီး မင်္ဂလာဆောင်ကျင်းပနေချိန် တော်လှန်ရေးတပ်များက ကာမီကာဇေအသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် လုံခြုံရေးအစောင့် ရဲနှင့်စစ်သားတချို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှုတချို့ရှိနိုင်ကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် နေပြည်တော် MICC 2 အဆောက်အအုံတွင် စစ်ကောင်စီတပ်မှ ဗိုလ်ချုပ် အသိုင်းအ၀ိုင်းက သားသမီး မင်္ဂလာဆောင်ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၊ အဆိုပါ မင်္ဂလာဆောင်သို့ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူခဲ့ကြောင်း၊ အဆိုပါ မင်္ဂလာဆောင်စောင့် လုံခြုံရေး ရဲနှင့်စစ်သားများကို အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲံခြင်းဖြစ်ကြောင်း သိရှိရသည်။ “မနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ MICC 2 […]